လေယာဉ်အစားအသောက် လွမ်းနေသူတွေအတွက်

11 September 2020
လေယာဉ်အစားအသောက် လွမ်းနေသူတွေအတွက်

ကိုဗစ်ကပ်ရောဂါကြောင့် လေယာဉ်နဲ့ ခရီးသွားဖို့ အရင်လို မလွယ်သေးချိန်မှာ ထိုင်းလေကြောင်းလိုင်း Thai Airways က သူတို့လေယာဉ်တွေပေါ် ရောက်နေသလိုဖြစ်အောင် ထူးထူးခြားခြား အစီအစဉ်လုပ်ထားပါတယ်။ လေယာဉ်ပေါ်မှာ အစားအသောက်တွေ စားနေကြရသလို အတွေ့အကြုံရစေဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က  Thai Airways ရုံးချုပ်မှာ စားသောက်ဆိုင်ကို စက်တင်ဘာလ ၉ ရက်နေ့ကမှ ဖွင့်လိုက်တာပါ။ လာစားသူတွေအနေနဲ့ လေယာဉ်စီးသလိုအတွေ့အကြုံကို ရနိုင်ကြသလို ထိုင်းလေကြောင်းလိုင်းအတွက်လည်း ထိခိုက်နေတဲ့ ဝင်ငွေကာမိနိုင်အောင် လုပ်နေတဲ့အကြောင်း Reuters သတင်းကို အခြေခံပြီး နန်းလောဝ်က တင်ပြထားပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly