ရွှေတိဂုံကိုအွန်လိုင်းကနေဖူးမျှော်နိုင်ပြီ

စက်တင်ဘာ ၁၀

COVID-19 ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ရွေတိဂုံစေတီတော်ကို အများပြည်သူဖူးမြှော်နိုင်အောင် Board of Trustee of Shwedagon Pagoda ဆိုတဲ့ Facebook Page ကနေ တနေ့ကို နှစ်ကြိမ် တိုက်ရိုက် Live လွှင့်သွားမယ်လို့ ရွှေတိဂုံဂေါပက အဖွဲ့ကနေ ပြောပါတယ်။  

Onlineကနေ ဖူးမြှော်လိုသူတွေဟာ  ည ၁၀ နာရီကနေ မနက် ၆နာရီထိတစ်ကြိမ်၊ ညနေ ၄နာရီကနေ ၇နာရီထိ တစ်ကြိမ် အဆိုပါ Facebook pageကနေ ဖူးမျှော်နိုင်ပါတယ်။

နေရာအနှံ့က လူတွေ ရွှေတိဂုံစေတီတော်ကို တိုက်ရိုက် ဖူးမြှော်နိုင်ဖို့ Facebook ကနေတဆင့် စမ်းသပ်ဆောင်ရွက်နေဆဲကာလ ဖြစ်တယ်လို့ ဂေါပကအဖွဲ့ဝင် ဦးသန်းဇော်ကပြောပါတယ်။  

မိုးရွာတဲ့အချိန်တွေမှာတော့ ကင်မရာအခက်အခဲရှိတာကြောင့် ထုတ်လွင့်မှုကို ခေတ္တရပ်နားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly