အင်ဒိုနီးရှား တောမီးကို ထိန်းချုပ်ရန် လေ့ကျင့်ထားသည့်ဆင်များကို အသုံးပြုလျှက်ရှိ

အင်ဒိုနီးရှား တောမီးကို ထိန်းချုပ်ရန် လေ့ကျင့်ထားသည့်ဆင်များကို အသုံးပြုလျှက်ရှိ

ဆီအက်၊ နိုဝင်ဘာ-၁၂ ။           ။ အင်ဒိုနီးရှားနိုင်ငံတွင် ကြီးမားသောသစ်တောပမာဏကို ဝါးမြိုပြီး အိမ်နီးချင်းနိုင်ငံများတွင် ထူထပ်သော မီးခိုးမြူများ ဖုံးလွှမ်းသွားစေခဲ့သည့် တောမီးကို ထိန်းချုပ်နိုင်ရန်အတွက် အာဏာပိုင်များက ရေပန့်များ၊ ရေပြွန်များတင်ဆောင်ထားသည့် လေ့ကျင့်ထားသော ဆင်များကို အသုံးပြုနေသည်ဟု ဆိုသည်။

သုံးလနီးပါးတိုင်အောင်ပင် အရှေ့ဆူမားတြားရှိ ရီအူပြည်နယ်မှာ တောမီးနှင့် မြေရှင်းလင်းမှုများကြောင့် မီးခိုးများ ဖုံးလွှမ်းနေခဲ့ပြီးူ အထူးသဖြင့် သစ်ဆွေးကြွယ်ဝသည့် နေရာများတွင် မီးတောက်များမှာ ထိန်းချုပ်ရခက်ခဲ့သည်ဟု ဆိုသည်။

ဆီအက်ခရိုင် ဆင်ထိန်းသိမ်းရေးဌာနတွင် လေ့ကျင့်ထားသည့် ဆင် ၂၃ကောင်ကို သစ်တောစောင့်ကြည့်ရေးတွင် အသုံးပြုနေသည်ဟု ဆိုသည်။

ရေစုပ်ပန့်နှင့် အခြားကိရိယာများကို သယ်ဆောင်ကာ ဆင်များနှင့် အမှုထမ်းများက သစ်ဆွေးမြေများကို အောက်တွင် လှိုက်လောင်နေပြီး နောက်ထပ်မီးတောက်မီးလျှံများ ထွက်ပေါ်မလာစေရန်အတွက် သစ်တောထဲမှ မီးလောင်ကျွမ်းသွားသည့် ဧရိယာများကို ကင်းလှည့်နေကြသည်။  

ရီအူသစ်တောဌာနမှ အကြီးအကဲ ဆူပါတိုနို၏ ပြောကြားချက်အရ ဆင်များကို သစ်တောများအတွင်း တရားမဝင် ကျူးကျော်လာသူများကို ကင်းလှည့်ရှာဖွေရန် လေ့ကျင့်ပေးထားသကဲ့သို့ လူနေအိမ်ယာများထဲသို့ ဝင်ရောက်လာသည့် ဆင်ရိုင်းများကို ၎င်းတို့၏ နေရပ်သို့ ပြန်လည်မောင်းပို့ပေးခြင်းဖြင့် ဆင်ရိုင်းများနှင့် လူများကြား ပဋိပက္ခများကို ဖြေရှင်းပေးရန်လည်း   လေ့ကျင့်ပေးထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly