ပြည်သူ့ရှေ့ဆောင်ပါတီကို မိတ်ဆက်သည့်အနေဖြင့် ကားများဖြင့် စီတန်းလှည့်လည်ခြင်း ဟု ဆို

ပြည်သူ့ရှေ့ဆောင်ပါတီကို မိတ်ဆက်သည့်အနေဖြင့် ကားများဖြင့် စီတန်းလှည့်လည်ခြင်း ဟု ဆို
ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

စက်တင်ဘာ ၉  

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP Party) ကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့်  ကိုယ်စားလှယ်လောင်းများအတွက် ဒုတိယမြောက်နေ့မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှုအဖြစ် မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့ အတွင်း စီတန်းလှည့်လည်ခဲ့သည်။  

“အဓိက ဒီမှာ UEC(ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ခွင့်ပြုချက်ယူပြီးတော့ ကားတွေနဲ့ ပါတီ Brand ၊ပါတီ ကိုမိတ်ဆက်တဲ့အနေနဲ့ မြို့ထဲကိုစီတန်းပြီးလှည့်လည်တာဖြစ်ပါတယ်။ ပါတီဝင်တွေနဲ့ ပါတီကိုယ်စား လှယ်လောင်းတချို့နဲ့ပါ “ ဟု ပြည်သူ့ရှေ့ဆောင်ပါတီ မှ  ဗဟိုအထွေထွေအတွင်းရေးမှူးဖြစ်သူ  ဦးစောဟန်အေး က မဇ္စျိမသတင်းဌာနကို ပြောသည်။   

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး မှ စတင်ပြီး ပြည်လမ်းမတလျှောက် အိမ်စီးမော်တော်ယာဉ်များ နှင့် အဌားယာဉ်များ ပါဝင်ကာ ဆူလေးဘုရားမှ တစ်ဆင့် ကမာအေးဘုရားလမ်းအတိုင်း လှည့်လည်ခဲ့ကြသည်။  

ဆက်လက်ပြီး  ဦးစောဟန်အေး က ပြောဆိုရာ “ပါတီက ရန်ကုန်မှာတော်တော်သိနေပါပြီ။ဒါက အများလုပ်သလိုပါပဲ ဒီထက်ပိုမိုသိရှိအောင် မဲဆွယ်ခြင်း ပါ “ ဟုထပ်မံပြီး ဖြေကြားခဲ့သည်။  

ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP Party) စကပ်ကပ်ထားသည့် ကားများ ပေါ်တွင် ပါတီ တံဆိပ်များ ၊ ပါတီဆောင်ပုဒ်များ နှင့် ပါတီအလံများ ကိုင်ဆောင်လှည့် လည်ခဲ့ကြသည်။   

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းမဲဆွယ်စည်းရုံးခြင်းကို စက်တင်ဘာလ ၈ ရက်နေ့မှာစတင်လုပ်ဆောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ခွင့်ပြုခဲ့ပြီး ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly