ဇီဝလက်နက်ထုတ်လုပ်ရန် ငြင်းဆန်သည့် မိုဆူးတက္ကသိုလ် ပါမောက္ခကို IS တို့ ကွက်မျက်

ဇီဝလက်နက်ထုတ်လုပ်ရန် ငြင်းဆန်သည့် မိုဆူးတက္ကသိုလ် ပါမောက္ခကို IS တို့ ကွက်မျက်

ဇီဝလက်နက်တစ်ခုကို ပုံစံထုတ်ရာတွင် ၎င်းတို့နှင့် ပူးပန်းရန် ငြင်းဆန်သည့်အတွက် အိုင်အက်စ်အကြမ်းဖက်အုပ်စုက မိုဆူးတက္ကသိုလ်မှ အီရတ် ရူပဗေဒပါမောက္ခတစ်ဦးကို သုတ်သင်ကွက်မျက်ပစ် ခဲ့သည်ဟုဆိုသည်။

အာရပ်ဘာသာ အယ်လ် ဆူမာရီးယား သတင်းဝဘ်ဆိုက်က ဗုဒ္ဓဟူးနေ့က အမည်မသိသတင်းရင်းမြစ်တစ်ခုကို ကိုကားဖော်ပြချက်အရ အကြမ်းဖက်သမားများက တက္ကသိုလ်၏ ရူပဗေဒဌာန ဥက္ကဌ အဗ္ဗဒူလာ ဆူလတန် အယ်လ် အဘီဒီကို စစ်သွေးကြွများထိန်းချုပ်ထားသည့် မိုဆူးမြို့လယ်ရှိ ရင်ပြင်တစ်ခုတွင် သေနတ်နှင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အိုင်အက်စ်များက အီရတ်အစိုးရတပ်ဖွဲ့များကို ဓာတုလက်နက်အသုံးပြု၍ တိုက်ခိုက်လိုနေသည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

အာရပ်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မိုဆူးမှာ ယမန်နှစ် ဇွန်လအစောပိုင်းကပင် အိုင်အက်စ်တို့ လက်တွင်းသို့ ကျရောက်သွားခဲ့သည်။ ထိုမှနောက်ပိုင်းတွင် အိုင်အက်စ်အကြမ်းဖက်သမားများက မြို့ခံလူများကို လူမဆန်စွာသော ရက်စက်မှုများ ကျူးလွန်လာနေခဲ့သည်။

၂၀၁၄ခုနှစ် ဇွန်လတွင် အီရတ်နယ်မြေတစ်လွှား၌ အိုင်အက်စ်တို့ စတင်လှုပ်ရှားသည်မှ စတင်ကာ အီရတ် မြောက်ပိုင်းနှင့် အနောက်ပိုင်းတွင် အကြမ်းဖက်မှုများ အတိပြီးလာခဲ့သည်။ အီရတ်အစိုးရတပ်ဖွဲ့ များကို နိုင်ငံတကာတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်သွေးကြွများ သိမ်းပိုက်ထားသည့် နယ်မြေများပြန်ရရေး စစ်ဆင်ရေးများ ဆင်နွှဲလျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly