ဒေါ်အောင်ဆန်းစုကြည်၏ပါတီသို့ အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပေးမည်ဟု သမ္မတဦးသိန်းစိန် ကတိပြု

ဒေါ်အောင်ဆန်းစုကြည်၏ပါတီသို့ အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပေးမည်ဟု သမ္မတဦးသိန်းစိန် ကတိပြု

ရန်ကုန်၊ နိုဝင်ဘာ-၁၂ ။            ။ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီက သိမ်းကြုံးအနိုင်ရရှိပြီးနောက်တွင် စစ်တပ်အကြီးအကဲနည်းတူ မြန်မာသမ္မတဦးသိန်းစိန်ကလည်း   ဒေါ်အောင်ဆန်းစုကြည်အား ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပြီး အာဏာကို ချောချောမွေ့မွေ့ လွှဲပြောင်းပေးမည်ဟုလည်း ကတိပြုခဲ့သည်။

စစ်အာဏာရှင်လက်အောက်တွင် မြန်မာနိုင်ငံကို စစ်တပ်က ရာစုနှစ်ဝက်မျှ လွှမ်းမိုးလာခဲ့ပြီးနောက် ၂၀၁၁ခုနှစ်မှစတင်ကာ အရပ်သားတစ်ပိုင်း အစိုးရက အုပ်ချုပ်လာခဲ့သည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLDပါတီမှာ တနင်္ဂနွေနေ့ ရွေးကောက်ပွဲများတွင် အမတ်နေရာ ၈၅ရာခိုင်နှုန်းကျော်ကို ရယူနိုင်ခဲ့ပြီးနောက်တွင် အာဏာကို ကိုင်လှုပ်နိုင်လုနီးပါး အခြေအနေသို့   ရောက်ရှိလာခဲ့ရာ မြန်မာနိုင်ငံ၏ ရှည်လျားကြမ်းတမ်းသော ဒီမိုကရေစီတိုက်ပွဲအတွက် ကြီးမားသည့် ခြေလှမ်းတစ်ရပ်ပင်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က ဖေ့စ်ဘုတ်ပေါ် လွှင့်တင်လာသည့် ကြေညာချက်တစ်ရပ်တွင် သမ္မတ ဦးသိန်းစိန်က လူထုထောက်ခံမှုကို အရယူနိုင်ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ချီးကျူးဂုဏ်ပြုလိုကြောင်း   ပြောကြားခဲ့သည်။

‘အစိုးရတစ်ရပ်အနေနဲ့ ကျနော်တို့ဟာ ရွေးကောက်ပွဲရလဒ်များကို လေးစားလက်ခံမှာဖြစ်ပြီး အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပေးမှာပါ’’ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly