ဟယ်ရီပေါ်တာ ပရိသတ်များ အွန်လိုင်းတွင် တစ်ပြိုင်နက်တည်း တံမြက်စည်း စီးပြီး စံချိန်ချိုး

By UPI
08 September 2020
ဟယ်ရီပေါ်တာ ပရိသတ်များ အွန်လိုင်းတွင် တစ်ပြိုင်နက်တည်း တံမြက်စည်း စီးပြီး စံချိန်ချိုး

စက်တင်ဘာ ၈

ဟယ်ရီပေါ်တာ၏ နိုင်ငံတကာပရိသတ်အဖွဲ့တစ်ခုသည် အွန်လိုင်းတွင် မတ်တတ်တံမြက်စည်းကို တစ်ပြိုင်နက်တည်း လူအရေအတွက် အများဆုံး စီးပြပြီး ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်းတစ်ခုကို ချိုးဖျက်ရန် ပြီးခဲ့သည့် ရက်ပိုင်းက အွန်လိုင်းပေါ် အတူတကွ စုဝေးခဲ့ကြသည်။

စာရေးဆရာမ J.K. Rowling နှင့် Emily Gravett တို့၏ Quidditch Through the Ages စာအုပ် အောက်တိုဘာ ၆ ရက်တွင် ထွက်ရှိမည့်အပေါ် ဂုဏ်ပြုသည့်အနေဖြင့် အဆိုပါ အခမ်းအနားကို Bloomsbury Publishing က စီစဉ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အွန်လိုင်းတွင် တံမြက်စည်း စီးသည့် အစီအစဉ်တွင် ဟယ်ရီပေါ်တာ ပရိသတ်များဖြစ်သည့် အိမ်ထောင်စုပေါင်း ၁၃၃ ခု ပါဝင်ခဲ့သည်ဟု Bloomsbury Publishing က ပြောသည်။

ဗြိတိန်၊ သြစတြေးလျ၊ အိန္ဒိယ၊ စပိန်၊ ကနေဒါ၊ ပြင်သစ်၊ ချက်သမ္မတနိုင်ငံ၊ အီတလီ၊ ဂျပန်၊ ဟောင်ကောင်၊ ဘရာဇီး၊ တောင်အာဖရိက၊ အိုမန်၊ အမေရိကန်နှင့် ဖိလစ်ပိုင် အပါအဝင် မတူညီသော နိုင်ငံပေါင်း ၄၀ မှ အိမ်ထောင်စု များ ပါဝင်ခဲ့ကြသည်ဟု Bloomsbury Publishing က ပြောသည်။

ပါဝင်ခဲ့ကြသည့် အိမ်ထောင်စု ၁၃၃ ခုစလုံးသည် ဟယ်ရီပေါ်တာစီးရီးများထဲမှ Quidditch ကစားသမားများစတိုင်အတိုင်း တံမြက်စည်းများကို စီးပြခဲ့ကြချိန် စံချိန်သစ်ကို အတည်ပြုရန်အတွက် live stream ထုတ်လွှင့်ရာ တွင် ဂင်းနစ်စံချိန် ကိုယ်စားလှယ်တစ်ဦးလည်း ရှိနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly