ပြည်သူ့ပါတီ(PP)က ကမာရွတ်မြို့နယ်၌ လမ်းလျှောက်ခြင်းဖြင့် မဲဆွယ်မှုစတင်ပြုလုပ်

ပြည်သူ့ပါတီ(PP)က ကမာရွတ်မြို့နယ်၌ လမ်းလျှောက်ခြင်းဖြင့် မဲဆွယ်မှုစတင်ပြုလုပ်
ဓာတ်ပုံ -  သက်ကို / မဇ္ဈိမ

ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်တွင် စက်တင်ဘာလ ၈ရက် နံနက်ပိုင်းက (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး တည်ထောင်ထားသည့် ပြည်သူ့ပါတီ(PP)မှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှု များ စတင်လုပ်ဆောင်ခဲ့သည်။

မဲဆွယ်စည်းရုံးမှု မစတင်မီတွင် ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုကြီးက သတင်းမီဒီယာများ နှင့်တွေ့ဆုံကာ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကိုပြုလုပ်ခဲ့သည်။

၎င်း မဲဆွယ်စည်းရုံးမှုတွင် ပြည်သူ့ပါတီ(PP) မှ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် လောင်းများနှင့်ပါတီဝင်များက ပါတီဆိုင်းဘုတ်များကိုင်ဆောင်ကာ ကမာရွတ်မြို့နယ်ရှိ ပြည်သူ့ပါတီရုံးမှ လှည်းတန်းစင်တာအရှေ့အထိ လမ်းလျှောက်ခဲ့ကြသည်။

ထို့ပြင် ပြည်သူ့ပါတီ(PP)မှ COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများကို အများပြည်သူသို့ ဝေငှခဲ့ကြသည်။

၂၀၂ဝပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံး ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၈မှ စတင်လုပ်ဆောင်ရန်ခွင့်ပြုခဲ့ပြီး ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို  လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။

ပြည်သူ့ပါတီ(PP)မှ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးမှုများပြုလုပ်နေစဉ်။

ဓာတ်ပုံ -  သက်ကို / မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly