NLD ပါတီ မဲဆွယ်စည်းရုံးရေး စတင်

NLD ပါတီ မဲဆွယ်စည်းရုံးရေး စတင်
ဓာတ်ပုံ - သူရ/မဇ္ဈိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကို စက်တင်ဘာလ ၈ ရက် (ယနေ့) တွင် စတင်လိုက်ပြီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အောင်နိုင်ရေးဆိုင်းဘုတ်ကို တာမွေမြို့နယ်ရှိ NLD ပါတီရုံးတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လာရောက် စိုက်ထူခဲ့သည်။

လက်ရှိမှာ COVID-19 ကာလဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးခွင့်ကို လူဦးရေ ၅၀ အထိ စုဝေးခွင့်ပေးထားပြီး နိုင်ငံရေးပါတီအသီးသီးကလည်း မဲဆွယ်စည်းရုံးမှု စတင်နေကြပြီ ဖြစ်သည်။

၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားသည်။

ဓာတ်ပုံ - သူရ/မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly