နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး ပထမဆုံးနေ့မြင်ကွင်း

နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေး ပထမဆုံးနေ့မြင်ကွင်း
ဓာတ်ပုံ - သူရ /မဇ္ဈိမ

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးရေးကို ယနေ့စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်နေကြပြီဖြစ်သည်။

ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသူဈေးသားများနှင့် အနှေးယာဉ်လုပ်သားများကလည်း NLD ပါတီကို ဝန်းရံကြောင်း လမ်းတစ်လျှောက် ချီတက်နေကြသည်ကို တွေ့ရသည်။ ယင်းအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဒေါပုံမြို့နယ်တွင် ပါတီဆိုင်းဘုတ်တင်ခဲ့ပြီး မဲဆွယ်စည်းရုံးရေး စတင်လိုက်သည်။

မဲဆွယ်စည်းရုံးရေးကာလ စတင်သည့်နေ့ဖြစ်တာကြောင့် နေပြည်တော်က NLDယာယီဌာနချုပ်ရုံးတွင်လည်းအောင်လံလွှင့်ထူသည့် အခမ်းအနားကိုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ခဲ့သည်။နိုင်ငံရေးပါတီအသီးသီးကလည်းပါတီစည်းရုံးရေးလုပ်ငန်းများစတင်လုပ်ဆောင်နေကြသည်ကိုတွေ့ရသည်။

နှာခေါင်းများတပ်ဆင်ခြင်း၊လူဦးရေ ၅၀ ထက်မပိုစေရေး၊လက်သန့်ဆေးရည်များထားရှိပေးရေး စသည့်COVID-19 ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီလုပ်ဆောင်ကြရန်အစိုးရမှထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ဓာတ်ပုံ - သူရ /မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly