ဆန္ဒပြပွဲတွေ ဖြစ်နေခဲ့တဲ့ ပေါ့တ်လန်မြို့အနီးမှာ ထရမ့်ထောက်ခံသူတွေ ကားတွေနဲ့ စီတန်းလှည့်လည်

By AFP
08 September 2020
ဆန္ဒပြပွဲတွေ ဖြစ်နေခဲ့တဲ့ ပေါ့တ်လန်မြို့အနီးမှာ ထရမ့်ထောက်ခံသူတွေ ကားတွေနဲ့ စီတန်းလှည့်လည်

စက်တင်ဘာ ၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူ ရာပေါင်းများစွာတို့ဟာ ယမန်နေ့ စက်တင်ဘာ ၇ ရက်မှာတော့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့ ပေါ့တ်လန်မြို့အနီးမှာ မော်တော်ကားတွေနဲ့ စီတန်းလှည့်လည်ခဲ့ကြပါတယ်။

ပေါ့တ်လန်မြို့မှာတော့ ဆန္ဒပြသူတွေ၊ ရဲတွေနဲ့ လက်ယာဝါဒီ အုပ်စု တွေဟာ လများစွာနဲ့ချီ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ထိပ်တိုက်တွေ့ ပဋိပက္ခတွေ ဖြစ်ပေါ်ထားခဲ့ပါတယ်။

ကားတွေနဲ့ စီတန်းလှည့်လည်သူတွေထဲမှာတော့ မိသားစုတွေ၊ သက်ကြီးတွေ ပါဝင်သလို စစ်တပ်ဆန်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ အသုံးအဆောင်တွေနဲ့ လက်နက်ကိုင်အမျိုးသားတွေလည်း ယင်းအုပ်စုထဲမှာ ပါဝင်ခဲ့ပါတယ်။

ယင်းနောက် ကားပေါင်း ၃၀၀ လောက်ပါတဲ့ ယာဉ်တန်းအုပ်စုဟာ ပေါ့တ်လန် ဆင်ခြေဖုံးတစ်ခုဖြစ်တဲ့ အော်ရီဂွန်းမြို့ထဲကို မောင်းဝင်သွားခဲ့ကြပါတယ်။

အော်ရီဂွန်းပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ပေါ့တ်လန်မှာတော့ ရက် ၁၀၀ ကျော်အထိ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့ပြီး ပြီးခဲ့တဲ့လက လက်ယာစွန်း တက်ကြွလှုပ်ရှားသူတစ်ဦး ပစ်သတ်ခံခဲ့ရသလို သတ်ဖြတ်မှုကို ကျူးလွန် တယ်လို့ သံသယရှိသူ အမျိုးသားတစ်ဦးလည်း ပစ်သတ်ခံခဲ့ရပါတယ်။

“Oregon For Trump 2020” စီတန်းလှည့်လည်မှုကို စီစဉ်သူတွေကတော့ ၎င်းတို့အနေနဲ့ ဘေးကင်းလုံခြုံဖို့အတွက် ပေါ့တ်လန်မြို့ထဲကို ဝင်ဖို့ ကြိုးစားမှာမဟုတ်ဘူးလို့ ပြောပါတယ်။

ဒီလို ကားတွေနဲ့ စီတန်းလှည့်လည်ရာမှာတော့ အမေရိကန်အလံတွေ၊ ထရမ့် နာမည် စာတန်းတွေကို တွေ့မြင်နိုင်သလို “Keep America First” ဆိုတဲ့ ဆိုင်းပုဒ်တွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly