ပဋိပက္ခဖြစ်နေသောနယ်စပ်ဒေသ၌ အိန္ဒိယ တပ်ဖွဲ့ဝင်များပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု တရုတ် က စွပ်စွဲ 

ပဋိပက္ခဖြစ်နေသောနယ်စပ်ဒေသ၌ အိန္ဒိယ တပ်ဖွဲ့ဝင်များပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု တရုတ် က စွပ်စွဲ 

စက်တင်ဘာ ၈ 

စက်တင်ဘာလ ၇ ရက်(တနင်္လာနေ့)တွင်နယ်စပ်ဒေသရှိ တရုတ်-အိန္ဒိယ ပဋိပက္ခဖြစ်ပွားနေသောနေရာ ၌ အိန္ဒိယ တပ်ဖွဲ့ဝင်များက နှစ်နိုင်ငံသဘောတူညီချက်များကိုချိုးဖောက်ပြီးသတိပေးပစ်ခတ်မှုပြုလုပ်ခဲ့ သည်ဟု တရုတ် နိုင်ငံမှစွပ်စွဲခဲ့သည်။ ထို့ကြောင့် နှစ်နိုင်ငံကြားတင်းမာမှုများပြန်လည်ဖြစ်ပေါ်လာခဲ့သည်။ 

တရုတ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကအခြေအနေတည်ငြိမ်စေရန်တန်ပြန်သည့်အစီအမံများ ပြုလုပ်ခဲ့ ကြောင်း၊ ယခုကဲ့သို့အန္တရာယ်ရှိသည့်အပြုအမူများကို ချက်ချင်းရပ်တန့်ရန်နှင့် ယခုဖြစ်စဉ်မျိုးထပ်မံ မဖြစ်ပွားစေရန် သေနတ်ပစ်ဖောက်သူကို တင်းတင်းကျပ်ကျပ်စုံစမ်းပြီးအပြစ်ပေးရန် အိန္ဒိယ ဘက်သို့ မေတ္တာရပ်ခံခဲ့သည်ဟု  တရုတ် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ကျန်းရှုလီ ကအင်္ဂါနေ့တွင်ထုတ်ပြန်သည့်  ကြေညာချက် တွင်ဖော်ပြထား သည်။ 

တရုတ် တပ်ဖွဲ့ဝင်များကသတိပေးပစ်ခတ်မှုပြုလုပ်ခြင်းရှိ မရှိကိုမူ အဆိုပါကြေညာချက်တွင် ဖော်ပြ ထားခြင်းမရှိပေ။ 

ဟိမဝန္တာ အနောက်ပိုင်းဒေသရှိပဋိပက္ခဖြစ်ပွားရာဒေသတွင်သဘောတူညီချက်ကိုချိုးဖောက်ကာပစ်ခတ် မှုရှိ မရှိကို နှစ်နိုင်ငံလုံးမှစောင့်ကြည့်လျက်ရှိကြသည်။ မပစ်ခတ်ရေးသဘောတူညီချက်ရှိထားသော်လည်း မတော်တဆ သေဆုံး ထိခိုက်မှုများရှိနေဆဲဖြစ်သည်။ 

ဇွန်လအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုကြောင့် အိန္ဒိယ တပ်ဖွဲ့ဝင် ၂၀ သေဆုံးခဲ့ပြီးနောက် တရုတ် နှင့် အိန္ဒိယ တို့သည်နယ်စပ်ဒေသတွင်၎င်းတို့၏တပ်များကို ပိုမိုဖြန့်ချထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly