ရိုဝန်အက်ကင်ဆန် ( မစ္စတာဘင်း ) ဇနီးဖြစ်သူနှင့် ကွာရှင်း

ရိုဝန်အက်ကင်ဆန် ( မစ္စတာဘင်း ) ဇနီးဖြစ်သူနှင့် ကွာရှင်း

နယူးယော့ခ်၊ နိုဝင်ဘာ ၁၁ ။             ။ ကမ္ဘာကျော် မင်းသားကြီး ရိုဝန်အက်ကင်ဆန် (မစ္စတာဘင်း)နှင့် ၂၀၁၄ ခုနှစ်ကတည်းက အတူ မနေထိုင်တော့သည့် ဇနီးဖြစ်သူ ဆူနီထရာဆက်ထရီတို့သည် အပြီးသတ် ကွားရှင်းခဲ့ပြီး ဖြစ်သည်။

မစ္စတာဘင်းနှင့် ဆူနီထရာတို့သည် ၂၄ နှစ်ကြာ ပေါင်းသင်းခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် ဖေဖော် ဝါရီလက လမ်းခွဲခဲ့ကြကြောင်းနှင့် ယင်းနောက်ပိုင်းတွင် မစ္စတာဘင်းသည် ဟာသသရုပ်ဆောင် မင်းသမီး လုစ်ဖော့ဒ်နှင့် တွဲခဲ့သည်။

နိုဝင်ဘာ ၁၀ ရက် နံနက်က လန်ဒန်မြို့ရှိ Central Family တရားရုံးမှ ခရိုင်တရားသူကြီးက အမိန့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ချက်တွင် ၎င်းတို့နှစ်ဦး၏ လက်ထပ်မှုမှာ အပြီးသတ် အဆုံး သတ်ခဲ့ဲပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

ကြားနားစစ်ဆေးမှုတွင် မစ္စတာဘင်း တက်ရောက်ခဲ့ခြင်း မရှိကြောင်းနှင့် မစ္စတာဘင်း၏ ယုတ္တိ မရှိသော လုပ်ရပ်များကြောင့် ကွာရှင်းပြတ်စဲခဲ့ခြင်း ဖြစ်ကြောင်း တရားရုံးက ပြောကြားခဲ့သည်ဟု ITV ရုပ်မြင်သံကြား ကွန်ရက်က ပြောကြားသည်။

အသက် ၆၀ နှစ်အရွယ်ရှိ မစ္စတာဘင်းနှင့် ဆူနီထရာတို့သည် ၁၉၉၀ ခုနှစ်က နယူးယော့ခ်မြို့ တွင် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး အသက် ၂၀ နှစ်အရွယ်ရှိ သမီးဖြစ်သူ လီလီနှင့် အသက် ၂၂ နှစ်အရွယ်ရှိ သားဖြစ်သူ ဘန်တို့နှစ်ဦး ထွန်းကားခဲ့သည်။

မစ္စတာဘင်းသည် ၂၀၁၄ ခုနှစ်က ဆူနီထရာနှင့် လမ်းခွဲခဲ့ပြီးနောက် မကြာမီ ဟာသသရုပ် ဆောင် မင်းသမီး လုစ်နှင့် တွဲခဲ့ခြင်းဖြစ်သည်။ မစ္စတာဘင်းနှင့် လုစ်တို့သည် ၂၀၁၃ ခုနှစ်က  Quartermaine’s Terms in the West End ဇာတ်ကားတွင် အတူ သရုပ်ဆောင်ခဲ့ရာမှ သိကျွမ်းခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly