စည်းကြပ်ဒိုင်ကို ဘောလုံးထိမှန်စေ၍ ဂျိုကိုဗစ်အား ယူအက်စ်အိုပင်းတင်နစ်ပြိုင်ပွဲမှ ထုတ်ပယ် 

စည်းကြပ်ဒိုင်ကို ဘောလုံးထိမှန်စေ၍ ဂျိုကိုဗစ်အား ယူအက်စ်အိုပင်းတင်နစ်ပြိုင်ပွဲမှ ထုတ်ပယ် 

စက်တင်ဘာ ၇

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ချန်ပီယံ ဂျိုကိုဗစ်သည် စပိန်က ပါဘလိုကာရီနိုဘူစတာနှင့် ယှဉ်ပြိုင်ရာ၌ စည်းကြပ်ဒိုင်အား ဘောလုံးထိမှန်စေခဲ့သဖြင့် တနင်္ဂနွေနေ့တွင် ယူအက်စ်အိုပင်း တင်းနစ်ပြိုင်ပွဲ စတုတ္ထအဆင့်မှ ထုတ်ပယ်ခံရသည်။ 

ပြိုင်ပွဲစဉ်၌ ဂျိုကိုဗစ်သည် ဘူစတာအား ၅-၆ ဖြင့် ရှုံးနေစဉ် ဘောင်းဘီအိတ်ထဲမှ တင်းနစ်ဘောလုံးကို ထုတ်ပြီး ကွင်းအနောက်သို့ လွှဲရိုက်ရာက ဘောလုံးသည် မတော်တဆဆိုသလိုပင် စည်းကြပ်ဒိုင်အမျိုးသမီး၏ လည်ပင်းကို သွားရောက်ထိမှန်ခြင်း ဖြစ်သည်။ 

စည်းကြပ်ဒိုင်မှာ နာကျင်မှုကြောင့် အော်ဟစ်ပြီး မြေပေါ် လှဲကျသွားရာ ထိတ်လန့်သွားသည့် ဂျိုကိုဗစ်က ပြေးသွားပြီး တောင်းပန်ခဲ့သည်။ 

ဂျိုကိုဗစ်က ထို စည်းကြပ်ဒိုင်ကို ရည်ရွယ်ချက် ရှိရှိ ထိမှန်အောင် လုပ်ခြင်း မဟုတ်ဘူးဆိုကာ ရှင်းရှင်းလင်းလင်း ဖြေရှင်းချက် ပေးပြီး စည်းကြပ်ဒိုင်မှာလည်း ဆေးရုံကို သွားခဲ့ရခြင်း မရှိဟု ပြောဆိုသည်ဟု သိရသည်။ 

၁၂ မိနစ်တာ တာဝန်ရှိသူများ ဆွေးနွေးကြားနာပြီးနောက် ဂျိုကိုဗစ်၏ ကံကြမ္မာမှာ ပြိုင်ပွဲမှ ထုတ်ပယ်ခြင်းဖြင့် အဆုံးသတ်တော့သည်။ 

ဂရင်းစလင်း စည်းမျဉ်းအရ ကစားသမားများသည် ပြိုင်ပွဲအတွင်း၌ မည်သည့် တာဝန်ရှိသူကိုမျှ၊ ပြိုင်ဖက်၊ ပွဲကြည့်ပရိသတ်နှင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကိုယ်ထိလက်ရောက် ကျူးလွန်ရခြင်းမရှိရဟု စည်းမျဉ်းသတ်မှတ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly