လေဖြတ်နေသူ အဘွားအိုကို သားမယားပြုကျင့်သည့် အမေရိကန်ရဲ ထောင်တစ်သက်ကျ

လေဖြတ်နေသူ အဘွားအိုကို သားမယားပြုကျင့်သည့် အမေရိကန်ရဲ ထောင်တစ်သက်ကျ

အမေရိကန်နိုင်ငံတွင် အသက် ၇၅ နှစ်ရှိ အဘွားအိုတစ်ဦးအား ၎င်းနေထိုင်ရာ အိမ်ခန်းတွင်း ခိုးဝင်၌ သားမယားပြုကျင့်ခဲ့သည့် ရဲတစ်ဦးကို ထောင်တစ်သက် ပစ်ဒဏ်ချလိုက်သည်။

အသက် ၅၂ နှစ်ရှိ ရဲအရာရှိဟောင်းက ၂၀၁၀ နှင့် ၂၀၁၂ ခုနှစ်အတွင်းက လေဖြတ်ကာ စကားလည်းမပြောနိုင်ဖြစ်နေသည့် ယင်းအဘွားကို သားမယားပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း တရားရုံးကြားနာမှုကို ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဇူလိုင်လအတွင်းက ရဲအရာရှိဟောင်း ဂါရီဘာကာအား ပြစ်မှုကိုးမှုဖြင့် အမှုစီရင်ခဲ့ခြင်းဖြစ်သည်။ မုဒိမ်းမှု၊ ယုတ်ညံ့စွာအနိုင်အထက် ပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ ရိုက်နှက်ညည်းဆဲမှုနှင့် ဓားပြတိုက်လုယက်မှုများအပါဝင် ပြစ်ဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။

အဘွားအိုက ယင်းသို့ ပြုကျင့်ခံနေရခြင်းကို အစောပိုင်းကတည်းက မိသားစုများ သိရှိအောင် ကြိုးစားသော်လည်း အခွင့်မသာခဲ့ပေ။ နောက်ပိုင်း ဒီအင်န်အေစစ်ချက်များတွင် မုဒိမ်းမှုကို အတည်ပြုချက်ပေးနိုင်ခဲ့သည်။

အဘွားအိုမိသားစုများက ၂၀၁၂ ခုနှစ်အတွင်း စောင့်ကြည့်ကင်မရာများ တပ်ဆင်ရာမှ ဂါရီဘာကာ တတိယအကြိမ် မုဒိမ်းပြုကျင့်ရန် ကြိုးစားသည်ကို လက်ပူးလက်ကြပ်မိခဲ့ခြင်းဖြစ်သည်။

ရဲတာဝန်ရှိသူများက ဗီဒီယိုတွင် ပါဝင်သူမှာ ဂါရီဖြစ်ကြောင်း သိရှိကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဂါရီအား ပြစ်မှုအတွက် ထောင်ဒဏ် ၆၂ နှစ်ချမှတ်ရာ ၎င်းအနေဖြင့် ထောင်တွင်း သက်တမ်းကုန်သည့်အထိ ချခံသွားရဖွယ်သာရှိတော့သည်။

Ref ; Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly