တရုတ်ကို မှီခိုမှုနည်းသော ကမ္ဘာ့ကုန်သွယ်ရေးကွင်းဆက် ပုံစံပြောင်းရေး အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း

တရုတ်ကို မှီခိုမှုနည်းသော ကမ္ဘာ့ကုန်သွယ်ရေးကွင်းဆက် ပုံစံပြောင်းရေး အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း

စက်တင်ဘာ ၆ 

ယုံကြည်မှုနှင့် တည်ငြိမ်မှုပေါ်တွင် အခြေပြုသော ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကွင်းဆက် ပုံစံပြောင်းရေးအတွက် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက အဆိုပြုလာခဲ့သည်။ 

အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်အပေါ် မှီခိုရမှု နည်းပါးသော ကုန်သွယ်မှုကွန်ရက်သစ်အတွက် ရှေးရှုလျက် ရှိနေခြင်းလည်း ဖြစ်သည်။ 

တရုတ်နိုင်ငံမှ ထွက်ခွာပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့ကဲ့သို့ နေရာများသို့ ရွှေ့ပြောင်းရေးမည့် ဂျပန်ကုမ္ပဏီများကို အကူအညီပေးရေးအတွက် အမတော်ကြေးအစီအစဉ်တစ်ရပ်ကို ဂျပန်အစိုးရက ဆောင်ရွက်လာသည့် တစ်ရက်တည်းမှာပင် မိုဒီက ပြောလာခြင်းလည်း ဖြစ်သည်။ 

ဂျပန်အစိုးရ၏ အစီအစဉ်သည် ဂျပန်ကုမ္ပဏီစက်ရုံများ ဂျပန်နိုင်ငံသို့ ပြန်လာရေး သို့မဟုတ် အရှေ့တောင်အာရှသို့ ထုတ်လုပ်မှု ပြောင်းရွှေ့ရေးတို့အတွက် ရည်ရွယ်သည်။ 

အင်ဒို-ပစိဖိတ်ဒေသတွင်း၌ ကြံ့ခိုင်သော ကုန်သွယ်မှုကွင်းဆက် ထူထောင်ရေး စတင်ရန် ဂျပန်၊ အိန္ဒိယနှင့် ဩစတြေးလျနိုင်ငံတို့မှ ကုန်သွယ်ရေးဝန်ကြီးများက အင်္ဂါနေ့၌ ဆုံးဖြတ်ချက်တစ်ရပ် ချခဲ့ကြပြီးနောက်ပိုင်း၌ ဝန်ကြီးချုပ် မိုဒီက ပြောဖို့လာခြင်းလည်း ဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ် ကူးစက်ဖြစ်ပွားချိန်၌ အာရှတစ်လွှား အဓိကကုန်စည်စီးဆင်းမှု တန့်သွားခဲ့ရသည်ကို ကြုံခဲ့ရသော တရုတ်အပေါ် မှီခိုနေရသည့် ကုန်သွယ်မှိုကု လျှော့ချရေးအတွက် အဆိုပါ သုံးနိုင်ငံမှ ရည်ရွယ်ကာ ဆုံးဖြတ် ချက်ခြင်း ဖြစ်သည်။ 

လွတ်လပ်ပြီး မျှတသော တွက်ဆ၍ ရသည့် ကုန်သွယ်မှုပတ်ဝန်းကျင် လိုအပ်ကြောင်းကို ယင်း သုံးနိုင်ငံက အလေးအနက်ထား ဖော်ပြပြီး ဒေသတွင်းက အလားတူ စိတ်ပါဝင်စားသည့် နိုင်ငံများအနေဖြင့်လည်း ပူးပေါင်းပါဝင်ရန် တိုက်တွန်း ပြောဆိုသည်။ 

ကြာသပတေးနေ့က ပြုလုပ်သော အမေရိကန်-အိန္ဒိယ မဟာဗျူဟာမိတ်ဖက်ပြုမှု အွန်လိုင်းဖိုရမ်တွင် မိုဒီက “ကပ်ဘေးဟာ ကမ္ဘာအနေနဲ့ ဖွံ့ဖြိုးသော ကမ္ဘာ့ကုန်သွယ်မှု ကွင်းဆက်ဟာ ကုန်ကျစရိတ်ပေါ်မှာပဲ အခြေပြု မထားသင့်ဘူးဆိုတာနဲ့ ယုံကြည်မှုပေါ်မှာလည်း အခြေပြုထားသင့်တယ်ဆိုတာကို ဆုံးဖြတ်ဖို့ ပြသလိုက်တာပဲ။”ဟု ပြောသည်။ 

“ကုမ္ပဏီတွေဟာ ပထဝီအနေအထားအပြင် ယုံကြည်စိတ်ချရမှုနဲ့ ပေါ်လစီတည်ငြိမ်မှုတွေကိုပါ လက်ရှိမှာ ထည့်တွက်လာကြတယ်။ အိန္ဒိယဟာ ဒီ အရည်အသွေး အားလုံးနဲ့ ပြည့်စုံနေတဲ့ နိုင်ငံပဲ ဖြစ်တယ်။”ဟု မိုဒီက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly