ပြင်သစ်နိုင်ငံတွင်နေ့စဉ် COVID-19ရောဂါကူးစက်မှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီးဆေးရုံတက်ရသူ ဦးရေလည်း များပြားလျက်ရှိ

ပြင်သစ်နိုင်ငံတွင်နေ့စဉ် COVID-19ရောဂါကူးစက်မှု အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီးဆေးရုံတက်ရသူ ဦးရေလည်း များပြားလျက်ရှိ

စက်တင်ဘာ  ၅

ပြင်သစ်နိုင်ငံတွင် စက်တင်ဘာလ ၄ ရက်(သောကြာနေ့)တွင် covid -19 ရောဂါကူးစက်ခံရသူဦးရေ ၉၀၀၀ နီးပါး ထပ်မံတွေ့ရှိရပြီး ရောဂါစတင်ကူးစက်ချိန်မှစ၍အမြင့်ဆုံးဖြစ်လာခဲ့သည်။ ထို့ကြောင့်ဆေးရုံတက်ရသူဦးရေမှာ လည်း ပိုမို များပြားလာလျက်ရှိသည်။

ရောဂါကူးစက်သူ  ၈ ၉၇၅ ဦးထပ်မံတွေ့ရှိရကြောင်း၊ မတ်လ ၃၁ ရက်နေ့တွင်အမြင့်ဆုံး ရောဂါကူးစက်သူဦးရေမှာ ၇၅၇၈  ဦးရှိခဲ့သဖြင့် လက်ရှိအနေအထားနှင့်နှိုင်းယှဉ်ကြည့်ပါက  ၁၅၀၀ နီးပါးမြင့်တက်လာခဲ့ခြင်း ဖြစ်သည် ဟု ပြင်သစ်  ကျန်းမာရေးဌာနအာဏာပိုင်များမှထုတ်ပြန်သောကြေညာချက်တွင်ဖော်ပြထားသည်။ဥရောပတိုက်တွင် ကိုရိုနာ ဗိုင်းရပ်စ်မကူးစက်စေရန်တင်းကြပ်စွာအသွားအလာကန့်သတ်သည့်နိုင်ငံများတွင် ပြင်သစ်နိုင်ငံ လည်း အပါအဝင် ဖြစ်သည်။

ပြင်သစ်နိုင်ငံတွင်ရောဂါကူးစက်ခံရမှုရှိ မရှိကိုပိုမိုစစ်ဆေးလာနိုင်သဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရသူများကိုထပ်မံတွေ့ရှိ ရခြင်းဖြစ်သည်။ထို့ကြောင့်လာမည့် စာသင်နှစ်သစ်တွင် ကျောင်းအများအပြားကိုပိတ်ထား ရန်အမိန့်ထုတ် ခဲ့သည်။

၇ ရက်အတွင်းရောဂါကူးစက်သူဦးရေထပ်မံတွေ့ရှိခဲ့သည်။ မေလ ၂၇ ရက်နေ့တွင်ကူးစက်သူဦးရေမှာ ၂၇၂ ဦး အောက်ရှိခဲ့ရာမှ  ၈ ရက်ဆက်တိုက်မြင့်တက်လာပြီး ၆ ၀၁၁ ဦးအထိရောက်ရှိလာသဖြင့် ပြင်သစ်အာဏာပိုင်များမှ အသွားအလာကန့်သတ်သည့်ကာလကိုမူလက ၂ ပတ်သတ်မှတ်ထားရာမှ ၂ လအထိတိုးမြှင့်သတ်မှတ်လိုက်သည်။

လက်ရှိအချိန်တွင် ရောဂါကူးစက်သူစုစုပေါင်းမှာ  ၃၀၉  ၁၅၆  ဦးဖြစ်သည်။  

အထူးကြပ်မတ်ကုသဆောင်တွင်ကုသနေရသောလူနာဦးရေမှာ ဧပြီလ ၈ ရက်နေ့တွင် ၇ ၁၄၈ ဦးရှိခဲ့ရာမှ  ၄၇၁ ဦးသို့ကျဆင်းခဲ့သည်။ သို့ရာတွင် ၈ ရက်ဆက်တိုက် လူနာဦးရေတိုးလာခဲ့သည်။

ပြင်သစ်နိုင်ငံတွင် covid-19 ကြောင့်လူဦးရေ ၃၀ ၆၈၆ ဦးသေဆုံးခဲ့ရသည်။ အဆိုပါအရေအတွက်သည်လွန်ခဲ့သည့် ၂၄ နာရီကထက် ၂၀ ဦးလျော့ကျခဲ့သဖြင့် အာဏာပိုင်များကသေဆုံးသူဦးရေကိုပြင်ဆင်ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly