လူခွာနေခြင်းကို တင်းကြပ်ပြီးနောက် တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသိသာဆုံး ကျဆင်း

လူခွာနေခြင်းကို တင်းကြပ်ပြီးနောက် တောင်ကိုရီးယား၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသိသာဆုံး ကျဆင်း

စက်တင်ဘာ ၅

တောင်ကိုရီးယားနိုင်ငံတွင် သောကြာနေ့ ညလယ်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၁၆၈ ဦးရှိရာ သီတင်းသုံးပတ်အတွင်း ကူးစက်ဖြစ်ပွားနှုန်း အများဆုံး ကျဆင်းခြင်း ဖြစ်သည်။

ကူးစက်မှု ဒုတိယလှိုင်း လျော့ပါးရေးအတွက် လူခွာနေခြင်း စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကြပ်ကြပ် ချမှတ်ပြဋ္ဌာန်းပြီးနောက် ယခုကဲ့သို့ ကူးစက်နှုန်း ကျဆင်းခြင်း ဖြစ်သည်။

နိုင်ငံတွင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ စုစုပေါင်းမှာ ၂၁၀၁၀ ဦး ရှိပြီး သေဆုံးသူ ၃၃၃ ဦး ရှိကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာမှ စနေနေ့ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

သောကြာနေ့က အသစ်ကူးစက်မှုနှုန်းထားသည် ဩဂုတ် ၁၅ ရက်က အကြီးစား နိုင်ငံရေးစုရုံးပွဲသို့ တက်ရောက်ခဲ့ကြသော ခရစ်ယာန်ဘုရားကျောင်းမှ ကူးစက်မှုကြီးဖြစ်ပြီးနောက်ပိုင်း အနိမ့်ပါးဆုံး ကူးစက်ဖြစ်ပွားမှုပဲ ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းက ကူးစက်သူ ၄၄၁ ဦး ရှိခဲ့ပြီးနောက် ကျန်ခဲ့သည့် သုံးရက်အတွင်း နေ့စဉ်ကူးစက်နှုန်းသည် ၂၀၀ အောက်တွင် ရှိနေသည်။ ယင်းကြောင့် တနင်္ဂနွေနေ့တွင် စတင်ပြဋ္ဌာန်းသော တင်းကြပ်သည့် လူခွာနေခြင်း စည်းမျဉ်းက ထိထိရောက်ရောက် ရှိနေကြောင်း သိမြင်ရသည်။

လူခွာနေခြင်း စည်းမျဉ်းစည်းကမ်းများတွင် လက်ရှိ ကူးစက်မှုနှုန်း ကျလာပြီဖြစ်သော ဆိုးလ်မြို့တော်စည်ဧရိယာအတွင်း စားသောက်ဆိုင်များ၏ ဝန်ဆောင်မှုများကို မကြုံစဖူး လျှော့ချခြင်း၊ ကိုးနာရီနောက်ပိုင်း ဆိုင်များ ပိတ်ရခြင်းနှင့် ကော်ဖီနှင့် မုန်ဆိုင်များ၏ အိမ်အရောက်ပို့ ဝန်ဆောင်မှုများကို ကန့်သတ်ခြင်းတို့ပါ ပါဝင်သည်။

သို့သော် အစိုးရက ကူးစက်မှုသစ်များကို သိသိသာသာ လျှော့ချရန် အချိန်ပိုလိုမည်ဖြစ်၍ စက်တင်ဘာ ၁၃ ရက်အထိ စည်းမျဉ်းများကို ထပ်တိုးချမှတ်ထားဦးမည်ဟု သောကြာနေ့တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly