နိုဝင်ဘာ ၁၁ရက်၊ ညနေ ၆နာရီအချိန်ထိ UECထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် အမတ်လောင်း ၂၅၆ဦး အနိုင်ရရှိထားသည်။
အစိုးရဖွဲ့နိုင်ရန် လွှတ်တော် ၂ရပ်ပေါင်း အမတ်လောင်း ၃၂၉ဦး အနိုင်ရရန်လိုအပ်ပြီး လက်ရှိတွင် NLDပါတီက ၂၅၆ဦး အနိုင်ရထားသည့်အတွက် ထပ်မံအနိုင်ရရန် ၅၇ဦးသာ လိုအပ်တော့သည့် သဘောဖြစ်သည်။
အနိုင်ရအမတ်လောင်းစာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၄၅ဒဿမ ၁ရာခိုင်နှုန်း ကြေငြာပြီးဖြစ်သည်ဟု UECအဖွဲ့ဝင် ဦးမြင့်နိုင်က နိုဝင်ဘာ ၁၁၊ ညနေ ၄နာရီ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။