ထိုင်းနိုင်ငံကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာထိတူးမြောင်းတစ်ခုဖောက်လုပ်ရန်  တရုတ်က ဆန္ဒရှိနေ

By Taiwan News
04 September 2020
ထိုင်းနိုင်ငံကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာထိတူးမြောင်းတစ်ခုဖောက်လုပ်ရန်  တရုတ်က ဆန္ဒရှိနေ

စက်တင်ဘာ ၄

တရုတ် နှင့် အိန္ဒိယတို့အကြားတင်းမာမှုများဖြစ်ပေါ်နေချိန်တွင်တရုတ်အစိုးရသည်ရေလမ်းကိုတိုတောင်း စေရန်အတွက် ထိုင်းနိုင်ငံ အစ်စ်မတ် ရှိ ကရာ ကိုဖြတ်ကာအိန္ဒိယသမုဒ္ဒရာထိကီလိုမီတာ(၁၁၀၀) ရှည် သည့်တူးမြောင်းတစ်ခုဖောက်လုပ်ရန်ဆန္ဒရှိနေသည်ဟုကြာသပတေးနေ့ကထွက်ပေါ်လာသည့်သတင်း များ အရသိရှိရသည်။

လက်ရှိအချိန်တွင် တရုတ် ၏လောင်စာတင်သင်္ဘောများ၊ ကုန်သင်္ဘောများနှင့် စစ်သင်္ဘောများသည် စင်္ကာပူနှင့်မလေးရှား အနောက်ပိုင်းသို့မလက်ကာရေလက်ကြားမှတစ်ဆင့်သာ ခုတ်မောင်းနေရသည့် အချက်မှာ တရုတ် ၏အားနည်းချက်တစ်ရပ်ဖြစ်နေသည်။ တရုတ် အစိုးရသည် ထိုင်း တောင်ပိုင်းရှိ အက်ဒမန် ပင်လယ်နှင့်ထိုင်းပင်လယ်ကွေ့ကြားတွင် ထိုင်းတူးမြောင်း ကိုဖောက်လုပ်ခြင်းဖြင့် အဆိုပါ ပြဿနာကိုဖြေရှင်းရန်ဆန္ဒရှိနေသည်။တူးမြောင်း ဖောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့် ကုန်ကျနိုင်သည်ဟုခန့်မှန်းထားသည်။

ထိုင်းနိုင်ငံရှိတရုတ်တို့ဖောက်လုပ်မည့်တူးမြောင်းနှင့်ကိုလံဘီယာရှိပနားမားတူးမြောင်းတို့မှာအပြိုင်ဖြစ်လာနိုင်သည်ဟု အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်းကရေးသားဖော်ပြခဲ့သည်။

အကယ်၍ထိုင်းတူးမြောင်းဖောက်လုပ်ပြီးပါက တရုတ်နှင့်ထိုင်း တို့အကြားဆက်ဆံရေးပိုမိုတိုးတက် လာနိုင်ပြီးထိုင်းနိုင်ငံတွင်တရုတ်လိုလားသော ထိုင်းအစိုးရအဖွဲ့အာဏာရလာပါက ထိုင်းတောင်ပိုင်းရှိ မူဆလင်သူပုန်များကိုတိုက်ထုတ်ရာတွင် တရုတ်အစိုးရကကူညီဖွယ်ရာရှိသည် ဟု Foreign Policy မဂ္ဂဇင်းတွင်ရေးသားထားသည်။

အဆိုပါတူးမြောင်းဖောက်လုပ်ရေးသည် ကမ္ဘောဒီးယား၊ သီရိလင်္ကာ နှင့် ဂျီဘူတီ တို့ရှိဆိပ်ကမ်းများနှင့် တရုတ် ရေတပ်အခြေစိုက်စခန်းများဖြစ်လာနိုင်ဖွယ်ရှိသည့်ဒေသများကို ထိန်းချုပ်ရေးအပါအဝင် တရုတ် ၏ပုလဲသွယ် မူဝါဒတစ်စိတ်တစ်ပိုင်းတွင်အပါအဝင်ဖြစ်သည်။ ထို့အပြင် အိန္ဒိယကိုတရုတ်ရေတပ်များဖြင့် ပိတ်ဆို့ထားပြီး စိတ်ပူပန်စေရန်လည်းရည်ရွယ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly