ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တာဝန်မှရပ်စဲခံရပြီ

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တာဝန်မှရပ်စဲခံရပြီ

စက်တင်ဘာ ၃

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ကို တာဝန်မှရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်သော အမိန့်စာတွင် ပါရှိသည်။

" ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (င)၊ ပုဒ်မခွဲငယ် (၂) ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၅ တို့ပါ ပြဌာန်းချက်များအရ " တာဝန်မှ ရပ်စဲကြောင်း မဇ္ဈိမက လက်ခံရရှိသည့် စာ မိတ္တူတွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly