တောင်ကိုရီးယား တွင် တိုင်ဖွန်း မေဆပ် တိုက်ခတ်သဖြင့်လူထောင်ပေါင်းများစွာနေအိမ်စွန့်ခွာရ

တောင်ကိုရီးယား တွင် တိုင်ဖွန်း မေဆပ် တိုက်ခတ်သဖြင့်လူထောင်ပေါင်းများစွာနေအိမ်စွန့်ခွာရ

စက်တင်ဘာ ၃

တောင်ကိုရီးယား သို့အားပြင်းသောတိုင်ဖွန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်သဖြင့် အနည်းဆုံးလူတစ်ဦး သေဆုံးပြီး ၂၀၀၀ ကျော်အားယာယီအိမ်များသို့ ပြောင်းရွှေ့ပေးခဲ့ရသည် ဟုအာဏာပိုင်များက ကြာသ ပတေးနေ့က ပြောကြားခဲ့သည်။

တိုင်ဖွန်း မေဆပ် သည် ကြာသပတေးနေ့ကတောင်ဘက်ကမ်းရိုးတန်းရှိ ဘူဆန် သို့ဝင်ရောက်တိုက်ခတ် ခဲ့ပြီး မီးပွိုင့်များ သစ်ပင်များကိုလဲကျစေကာလမ်းများကိုရေလွှမ်းစေခဲ့သည်။

ဘူဆန် တွင်နေထိုင်သောအမျိုးသမီးတစ်ဦးသည်လေပြင်းတိုက်ခတ်ပြီးနေအိမ်ပြတင်းပေါက်အက်ကွဲ ထိခိုက်ပြီးသေဆုံးသွားခဲ့သည်။ အသက် ၆၀ အရွယ်အမျိုးသားမှာလည်းရေခဲသေတ္တာလဲကျသဖြင့်ဒဏ်ရာ ရခဲ့သည်။

တောင်ဘက်ဒေသတစ်ဝန်းနှင့် ဂျယ်ဂျူး ကျွန်းတို့ရှိနေအိမ် ၁၂၀ ၀၀၀ ခန့်တွင်လျှပ်စစ်ဓာတ်အားပြတ် တောက်လျက်ရှိပြီးလူ ၂၂၀၀ ကျော်ခန့်အားယာယီနေအိမ်များသို့ပြောင်းရွှေ့ပေးခဲ့ရသည်။

တိုင်ဖွန်း မေဆပ် သည်နှစ်ပေါင်းများစွာအတွင်းတိုက်ခတ်ခဲ့သောမုန်တိုင်းများအနက်အပြင်းထန်ဆုံး မုန်တိုင်းဖြစ်ပြီး မြောက်ကိုရီးယား ကိုရောတောင်ကိုရီးယား ကိုပါထိခိုက်စေနိုင်သည်ဟုခန့်မှန်းထားကြ သည်။

မေဆပ် သည်ကိုရီးယားကျွန်းဆွယ်အရှေ့ပိုင်းရှိ ဂျပန်ပင်လယ်ဘက်သို့တစ်နာရီလျှင် ၁၄၀ ကီလိုမီတာ နှုန်းဖြင့်တိုက်ခတ်ရွေ့လျားလျက်ရှိသည်။

အရှေ့ပိုင်းဒေသတွင် မိုးသည်းထန် စွာရွာသွန်းနေမှုနှင့် လေပြင်းတိုက်ခတ်နေအပေါ်ခန့်မှန်းကာ မုန်တိုင်း တိုက်ခတ်မှုသည်တဖြည်းဖြည်းအားပျော့လာလိမ့်မည်ဟု တောင်ကိုရီးယား မိုးလေဝသဌာနကပြောကြား ခဲ့သည်။

တိုင်ဖွန်း မေဆပ် တိုက်ခတ်ချိန်တွင်ဘေးအန္တရာယ်ကျရောက်နေကြောင်းအချက်ပြကာပျောက်ဆုံးသွား ခဲ့သည့် သင်္ဘောသားများနှင့် တိရိစ္ဆာန်များ တင်ဆောင်လာသောကုန်သင်္ဘောကို ဂျပန် ကမ်းခြေစောင့် တပ်ကရှာဖွေလျက် ရှိသည်။

တိုင်ဖွန်း မေဆပ် သည်နံနက် ၃ နာရီဝန်းကျင်ခန့်တွင်  မြောက်ကိုရီးယား နိုင်ငံ၊ ဟန်ယန်း  မြောက်ပိုင်း ရှိ ကင်ချန် ကိုဝင်ရောက် တိုက်ခတ်နိုင်သည်ဟုခန့်မှန်းထားခဲ့သည်။

သဘာဝဘေးအန္တရာယ်များသည် မြောက်ကိုရီးယား နိုင်ငံသို့ပြင်းထန်စွာထိခိုက်စေလေ့ရှိသည်။တောင် တန်းများနှင့်တောင်ကုန်းများသည်ကာလရှည်ကြာစွာတောပြုန်းနေသဖြင့်ရေကြီးမှုဒဏ်ကိုခံစားရလျက် ရှိသည်။

မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက အခြေအနေကိုတိုက်ရိုက်ထုတ်လွှင့်နေပြီး အမြင့်ဆုံးအဆင့်သို့ တပ်လှန့်ထားသည်။

ယခုတိုက်ခတ်နေသောမုန်တိုင်းကြောင့်အလွန်မိုးသည်းထန်မည့်လက္ခဏာရှိပြီး စက်တင်ဘာလ ၂ ရက်နေ့ ည ၉ နာရီမှ စက်တင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီအတွင်း မိုးရေချိန်စုစုပေါင်းပမာဏ  ၂၀၀ မီလီမီတာခန့်ရွာသွန်း နိုင်ဖွယ်ရှိသည်ဟု ကိုရီးယားဗဟို ရုပ်သံ( Korean Central Television -KCTV) တွင်ထုတ်လွှင့်ခဲ့သည်။

မေဆပ် သည် ကိုရီးယားကျွန်းဆွယ်သို့ တစ်ပတ်အတွင်းဒုတိယမြောက် ဝင်ရောက်တိုက်ခတ်သည့် မုန်တိုင်းဖြစ်သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည်လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း ဘာဘီ တိုင်ဖွန်း  တိုက်ခတ်မှုခံခဲ့ရသည့် စိုက်ပျိုးမွေးမြူရေးဒေသများသို့သွားရောက်ခဲ့ပြီး ထိခိုက်ပျက်စီး  မှုများသည်မျှော်လင့်ထားသည်ထက်နည်းပါးသည်ဟုပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly