ရန်ကုန်က မြို့ နယ် ၇ ခုကို Stay at Home ကာလအဖြစ်သတ်မှတ်

ရန်ကုန်က မြို့ နယ် ၇ ခုကို Stay at Home ကာလအဖြစ်သတ်မှတ်

စက်တင်ဘာ ၁

ရန်ကုန်တိုင်း​ဒေသကြီးအတွင်းရှိ မြို့နယ် ခုနှစ်ခုကို Stay at Home ကာလအဖြစ် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၁ ရက်​နေ့ ည​နေပိုင်းတွင် သတ်မှတ်​ ကြေညာလိုက်သည်။

လတ်တ​လော ဖြစ်​ပေါ်​နေသည့် ကိုဗစ် ၁၉ ​ရောဂါကူးစက်ခံရသူများတွင် ခရီးသွား ရာဇဝင်မရှိ၊ ကိုဗစ် ၁၉ အတည်ပြု လူနာနှင့် ထိ​တွေ့မှုမရှိဘဲ ကူးစက်ခံရသူများပြားလာသဖြင့် ​ရောဂါပျံ့နှံကူးစက်မှုကို ထိန်းချုပ်ရန်အတွက် Stay at Home အဖြစ် သတ်မှတ်ခြင်းဖြစ်​ကြောင်း ​ဖော်ပြထားသည်။။

Photo - AFP

ရန်ကုန်တိုင်း​ဒေသကြီးအတွင်း Stay at Home အဖြစ်သတ်မှတ်လိုက်​သော မြို့နယ်များမှာ သင်္ဃန်းကျွန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ​မြောက်ဥက္ကလာပမြို့နယ်၊ သာ​ကေတမြို့နယ်၊လှိုင် မြို့နယ်၊
ပုဇွန်​တောင်မြို့နယ်နှင့် မင်္ဂလာဒုံ မြို့နယ်တို့ဖြစ်​သည်။

ထိုမြို့နယ်တွင် Stay at Home အဖြစ်သတ်မှတ်ကြေညာချက်တွင် အချက် ၆ ချက် ပါဝင်ပြီး စက်တင်ဘာလ ၂ ရက်​​နေ့ နံနက် ၈ နာရီမှ စတင်ကာ အသက်ဝင်​တော့မည်ဖြစ်သည်။

ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၁ ရက်​နေ့ ည ၈ နာရီ ထုတ်ပြန်ချက်တွင် ကိုဗစ် ၁၉ အတည်ပြု လူနာသစ် ၃၂ ဦး ​တွေ့ရှိပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ကိုဗစ် ၁၉ အတည်ပြု လူနာ စုစု​ပေါင်းမှာ ၉၁၉ ဦး ရှိပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly