ကယားပြည်နယ်ဝန်ကြီးချုပ်ကိုစွပ်စွဲပြစ်တင်မှုကို ပြည်နယ်လွှတ်တော်က အတည်ပြု

ကယားပြည်နယ်ဝန်ကြီးချုပ်ကိုစွပ်စွဲပြစ်တင်မှုကို ပြည်နယ်လွှတ်တော်က အတည်ပြု
ဓာတ်ပုံ - သူရ / မဇ္ဈိမ

စက်တင်ဘာ ၁ရက်

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုးကို စွပ်စွဲပြစ်တင်ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီး ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချလိုက်သည်။

စက်တင်ဘာလ ၁ရက် ကယားပြည်နယ်လွှတ်တော် ၁၈ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့အစီ အစဉ်တွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်လွှတ်တော်တွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း ၂၀ဦးရှိပြီး ထောက်ခံမဲ ၁၆မဲရရှိခဲ့ပြီး ကန့်ကွက်မဲ ၄မဲရရှိခဲ့ခြင်းဖြစ်သည်။

ထောက်ခံမဲ ၁၆မဲရှိသည့်အတွက် ကယားပြည်နယ်လွှတ်တော်က ကယားပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မှုနှင့် ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေညာခဲ့သည်။

လက်ရှိကယားပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့သည့် ရလဒ်ကို လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတထံသို့ ပေးပို့သွားမည်လည်း ဖြစ်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုလည်း ကယားပြည်နည်ဝန်ကြီးချုပ်လို လွှတ်တော်ကို ယ်စားလှယ် လေးပုံးတစ်ပုံက စွပ်စွဲပြစ်တင်ခဲ့သည့်အဆိုတင်ခဲ့ဖူးပြီး ယင်းအဆိုမှာ ရှုံးနိမ့်သွားခဲ့သည်။

ထို့ပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက စွပ်စွဲပြစ်တင်သည့် အဆိုကိုလည်း တင်ခဲ့သလို ယင်းအဆိုမှာ ရှုံးနိမ့်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly