စင်ကာပူတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူသစ် ၄၁ ဦးထပ်တိုး ကူးစက်သူစုစုပေါင်း ၅၆,၀၀၀ ကျော် ရှိ 

စင်ကာပူတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူသစ် ၄၁ ဦးထပ်တိုး ကူးစက်သူစုစုပေါင်း ၅၆,၀၀၀ ကျော် ရှိ 

စက်တင်ဘာ ၁ 

စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်သူသစ် ၄၁ ဦး ထပ်တွေ့ကြောင်း သြဂုတ် ၃၁ ရက်တွင် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။ အသစ်တွေ့ရှိသူများထဲတွင် ပြည်သူလူထုအကြား ကူးစက်မှုဖြစ်စဉ် သုံးခုလည်း ပါဝင်ကြောင်း သိရသည်။ နှစ်ဦးသည် work permit ကိုင်ဆောင်ထားသူများဖြစ်ပြီး တစ်ဦးမှာ work pass ကိုင်ဆောင်ထားသူဖြစ်သည်။ 

ထို့ပြင် ပြည်ပနေ ပြည်တွင်းကို ဝင်လာသည့် ကူးစက်မှုဖြစ်စဉ် ခုနစ်ခုလည်း ရှိနေသည်။ အဆိုပါ ကူးစက်ခံရသူ ခုနစ်ဦးစလုံးသည် စင်ကာပူသို့ ရောက်လာချင်း ၁၄ ရက် stay-home သတိပေးချက်အောက်တွင် ရှိနေစဉ် ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

ယခုအခါ စင်ကာပူတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၅၆,၈၁၂ ဦး ရှိနေသည်။ 

လူအစုအဖွဲ့အတွင်း ကူးစက်သူသစ် သုံးဦးစလုံးသည် ရောဂါလက္ခဏာပြသခြင်း မရှိသလို အခြားကူးစက်မှုဖြစ်စဉ်များနှင့်လည်း ချိတ်ဆက်ပတ်သက်မှုမရှိကြောင်း သိရသည်။  

၎င်းတို့သည် အသက် ၃၆ နှစ်ရှိ မလေးရှားနိုင်ငံသားတစ်ဦးနှင့် အသက် ၄၀ နှင့် ၄၅ နှစ်ရှိ အိန္ဒိယနိုင်ငံသားများဖြစ်သည်။ 

အဆောင်များ၏ ပြင်ပတွင် နေထိုင်ကြသော ဆောက်လုပ်ရေး၊ ပင်လယ်ရေကြောင်းနှင့် ထုတ်ပိုးမှု လုပ်ငန်းများတွင်းမှ လုပ်သားများကို စစ်ဆေးမှုလုပ်ခဲ့စဉ် အဆိုပါ သုံးဦးကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

အခြားဖြစ်စဉ်များနှင့် ချိတ်ဆက်ပတ်သက်မှုမရှိသည့် ကူးစက်မှုဖြစ်စဉ် သုံးခုနှင့်ပတ်သက်၍ ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သွားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly