မြန်မာနယ်စပ် အိန္ဒိယဖက်ခြမ်း၌ ရူပီးကုဋေ ၃ ဒသမ ၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

By Outlook
31 August 2020
မြန်မာနယ်စပ် အိန္ဒိယဖက်ခြမ်း၌ ရူပီးကုဋေ ၃ ဒသမ ၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

ဩဂုတ် ၃၁

မြန်မာနယ်စပ်အနီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ချမ်ဖိုင်းခရိုင်အတွင်း ရူပီး ကုဋေ ၃ ဒသမ ၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိကြောင်း အိန္ဒိယအရံတပ် Assam Rifles တပ်မှ သတင်းရင်းမြစ်က ပြောသည်။

ခရိုင်ရှိ ဒဲလ်တလန်အရပ်တွင် ဘဏ္ဍာအခွန်ညွှန်ကြားရေးမှူးရုံး DRI နှင့် ပူးပေါင်းဆောင်ရွက်သည့် စစ်ဆင်ရေးအတွင်း မက်သမ်ဖတမင်းဆေးပြား ၁ သိန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ယင်း သတင်းရင်းမြစ်များက ဆိုသည်။

တန်ဖိုးအားဖြင့် ရူပီးကုဋေ ၃ ဒသမ ၅၀ ကုဋေ တန်သော အဆိုပါ မူးယစ်ဆေးဝါးများကို နောက်ထပ်စုံစမ်းစစ်ဆေးမှုများအတွက် သက်ဆိုင်ရာဌာနသို့ လက်လွှဲပေးအပ်ခဲ့ကြောင်း ၎င်းတို့က ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly