နိုဝင်ဘာ ရွေးကောက်ပွဲ ပြည်သူတို့အတွက် အောင်ပွဲလို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ချီးကျူး

နိုဝင်ဘာ ရွေးကောက်ပွဲ ပြည်သူတို့အတွက် အောင်ပွဲလို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ချီးကျူး

ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်များကို ထုတ်ပြန်နေရာတွက် ၉၀ ရာခိုင်နှုန်းနီးပါ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိနေပြီးနောက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ကြေညာချက်တစ်ရပ် ထုတ်ပြန်ရာတွင် ယခုရွေးကောက်ပွဲသည် ပြည်သူတို့အတွက် အောင်ပွဲဟု ဆိုလိုက်သည်။

“သမိုင်းဝင် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းအတွက် အရေးပါပြီး အပြောင်းအလဲအတွက် ၎င်းင်းတို့၏ဆန္ဒကို ရှင်းလင်းစွာ ထုတ်ဖော်ခဲ့သော မြန်မာပြည်သူများ
အတွက်လည်း အောင်ပွဲဖြစ်ပါသည်” ဟု ကင်မရွန်းက ဆိုသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် နံနက်စောစော အိပ်ယာထလျက် မဲရုံများရှေ့တွင် စနစ်တကျ တန်းစီကာ မဲပေးခွင့်ရရန် စောင့်ဆိုင်းနေကြသည့် မဲဆန္ဒရှင်များကိုလည်း ကင်မရွန်းက ချီးကျူးစကား ဆိုသည်။ “ထောင်နှင့်ချီသော ပြည်သူများသည် ၎င်းင်းတို့၏အခွင့်အရေးဖြစ်သော မဲထည့်ရန် ငြိမ်းချမ်းစွာ စီတန်းနေသည်ကို တွေ့ခဲ့ရသည်မှာလည်း စိတ်လှုပ်ရှားဖွယ် ကောင်းပြီး ယင်းသည် ၂၀၁၂ ခုနှစ်က ကျွနု်ပ်၏ခရီးစဉ်အပြီး ယခုနှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင် မြင်တွေ့ခဲ့ရသည့် ထူးခြားသော တိုးတက်မှုဖြစ်သည်” ဟုလည်း ကင်မရွန်းက ပြောသည်။

“များစွာသော ပြည်သူများသည် မဲပေးရန် လာရောက်ခဲ့ကြပြီး စနစ်ကျသော မဲပေးသည့် အစီအစဉ် အတိုင်း လျှို့ဝှက်မဲများကို တည်ငြိမ်စွာ လာရောက်ပေးခဲ့ကြသည်ဟု လွတ်လပ်သော ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၏ တင်ပြချက်များကိုလည်း ကြိုဆိုပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

ဒီမိုကရေစီစနစ် ကျင့်သုံး၍ တာဝန်ယူမှုရှိသော အစိုးရတစ်ရပ်အဖြစ် ဦးတည်ဆောင်ရွက်ရာတွင် ဗြိတိန်နိုင်ငံသည် မြန်မာပြည်သူများနှင့် ယခုရွေးကောက်ပွဲတွင် မဲထည့်ခွင့် မရှိခဲ့သောသူများကို ပံ့ပိုးသွားရန် အဆင်သင့်ရှိ နေပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags