ထိုင်းနှင့် ပြင်သစ်က ပါကစ္စတန် ထောက်လှမ်းရေး၏ ရာဇဝတ်ဂိုဏ်းလှုပ်ရှားမှုများ

ထိုင်းနှင့် ပြင်သစ်က ပါကစ္စတန် ထောက်လှမ်းရေး၏ ရာဇဝတ်ဂိုဏ်းလှုပ်ရှားမှုများ

သြဂုတ် ၂၇ ရက်၊ ၂၀၂၀ ပြည့်နှစ်

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို့ ချန်ကလန် လမ်းရှိ လမ်းကြားတွင် ပုန်းခိုနေသော အိန္ဒိယအစားအစာ နံပြားနှင့် ဟင်းကိုသာ ရောင်းသည့် အယ်လ် ဟူစိန် Al Husseinအမည်ရှိ လူသိနည်းသော စားသောက်ဆိုင်စားသောက်ဆိုင်သည် ယေဘုယျအားဖြင့် ရေပန်းစားသော စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ပြီး ဟိုတယ်များရှိရာ အနုစာန်  ညဈေးတွင် တည်ရှိသည်။

စားသောက်ဆိုင်ပိုင်ရှင်သည် ပါကစ္စတန်နိုင်ငံသား ဘတ်ကာ ရှားရ် ဖြစ်သည်။ ထိုင်းအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်မှာ ၁၂နှစ်နီးပါးရှိပြီဖြစ်ပြီး ဒေသခံအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နှင့် လေကြောင်းလိုင်းများတွင် အဆက်အသွယ်ကောင်းရှိသည်ဟု လူသိများသည်။

သာမာန်စားသောက်သူတစ်ယောက်အတွက် စားသောက်ဆိုင်ကို သွားသည့်အခါ အားလုံးပံမှန်ဖြစ်နေသော်လည်း ဘတ်ကာ ရှားရ် ၏ နိုင်ငံကူးလက်မှတ်အတု၊ ငွေကြေးခဝါချမှု သို့မဟုတ် ပါကစ္စတန်ထောက်လှမ်းရေးအေဂျင်စီ  Inter Services Intelligence(ISI)တို့နှင့် အဆက်အစပ်ရှိကြောင်း မကြာသေးမီအချိန်ထိ လူအများစုမသိခဲ့ကြပါ။ ထိုင်းနိုင်ငံရှိ တရားမဝင်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုကြောင့် ၂၀၂၀ မေလတွင် ထိုင်းရဲဌာနမှ ဘတ်ကာ ရှားရ် ကို ဖမ်းဆီးခဲ့သည်။

 ၂၀၁၂ စက်တင်ဘာလတွင်  ချင်းမိုင်ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြုလုပ်ရာတွင် သူ၏ ပါဝင်ခဲ့မှုကြောင့် ထိုင်းအာဏာပိုင်များက ရှား ကို စတင်သတိပြုမိခဲ့သည်။
ဆန္ဒပြပွဲသည် မွတ်စလင်များကို ဆိုးရွားသည့် ပြယုဂ်အဖြစ် ပြသခဲ့သော အမေရိကန် ရုပ်ရှင် Innocence of Muslims ကို ကန့်ကွက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၁၆ ဖေဖော်ဝါရီလတွင် ထိုင်းရဲဌာနမှ နိုင်ငံကူးလက်မှတ်အတု ကိုင်ဆောင်ထားသော အီရန်နိုင်ငံသား ဟာမစ် ရီဇာ ဂျက်ဖရီ နှင့် ပါကစ္စတန်လူမျိုး ငါးဦးအား ဖမ်းဆီးရသည့် အချိန်တွင် ရှား ၏ နာမည် ထပ်မံပေါ်ထွက်လာသည်။

ထိုလူ ခြောက်ယာက်သည် လူကုန်ကူးခြင်းနှင့် ခရီးသွားစာရွက်စာတမ်းအတုများ ထောက်ပံ့ခြင်းတွင် ပါဝင်ပတ်သက်နေသည်ကို တွေ့ရှိရသည်။

ဟာမစ် ရီဇာ ဂျက်ဖရီသည် ပြင်သစ်၊ ဗြိတိန်၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံများအပါအဝင် နိုင်ငံတော်တော်များများရှိ လုံခြုံရေးအေဂျင်စီများ၏ အလိုရှိ စာရင်းတွင် ပါနေသည်။

စုံစမ်းစစ်ဆေးမှုများအရ ဂျက်ဖရီနှင့် ၏ ပါကစ္စတန်အဆက်အသွယ်လူ ငါးဦးသည် ဥရောပနှင့် သြစတြေးလျနိုင်ငံသို့ ခရီးသွားရန် အရှေ့အလယ်ပိုင်းနိုင်ငံများမှ လူများထံ နိုင်ငံကူးလက်မှတ်အတုများ ရောင်းချနေသည်ကို ဖော်ပြခဲ့သည်။

စုံစမ်းစစ်ဆေးမှုကာလအတွင်း ထိုင်းရဲဌာနက ပါကစ္စတန်အကျဉ်းသား ငါးဦးအနက် ဂိုဟာ ဇက်မန်  သည် ဘတ်ကာ ရှားရ် နှင့် နီးကပ်သော ဆက်နွယ်မှုရှိကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

ထိုင်းလုံခြုံရေးအေဂျင်စီက ရှား ကို အနီးကပ်စောင့်ကြည့်နေစဉ် ရှားသည် ဘန်ကောက်ရှိ ပါကစ္စတန်သံရုံးမှ ပါကစ္စတန်ထောက်လှမ်းရေးအရာရှိများနှင့် ပုံမှန်အဆက်အသွယ်ရှိကြောင်းနှင့် သူ၏စားသောက်ဆိုင် အယ်လ် ဟူစိန်ကို ပါကစ္စတန်အရာရှိများ မကြာခဏဆုံတွေ့ရာနေရာတစ်ခုအဖြစ် အသုံးပြုလေ့ရှိကြောင်း တွေ့ရသည်။

ရှား၏ အဓိကအလုပ်မှာ ဒေသခံရဲဌာနများ၊ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်နှင့် လေကြောင်းလိုင်းများတွင် ပါကစ္စတန်လူမျိုးများ ခေတ္တခဏသာ အဖမ်းခံရရန်နှင့် ချင်းမိုင်နှင့် မဲဆောက်ဒေသရှိ မွတ်စလင်အဖွဲ့အစည်းအတွင်း အဆက်အသွယ်တိုးတက်လာရန်ဖြစ်သည်။

၂၀၁၈တွင် ရှားသည် ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ ၅နှစ်ကြာ အပယ်ခံရပြီး ပါကစ္စတန်သို့ ပြန်ပို့ခဲ့သည်။

ISI အကူအညီဖြင့် ဆာယက် ဘက်ကာ အာမက် ဂျဖရီအမည်ရှိ နိုင်ငံကူးလက်မှတ်အသစ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်ဝင်လာသည်။ သို့သော်လည်း ထိုင်းရဲဌာနမှ သူ့အား နောက်တစ်ကြိမ်ခြေရာခံဖမ်းဆီးခဲ့ပြီး ယခုအခါ ထိန်းသိမ်းထားဆဲဖြစ်သည်။ ဘတ်ကာ ရှားရ် ၏ ဖြစ်ရပ်သည် ထိုင်းနိုင်ငံတစ်နိုင်ငံလုံးတွင် တစ်ခုတည်းသော ဖြစ်ရပ်မဟုတ်ပါ။

ရာဇဝတ်မှုများတွင် ပါဝင်သော ပါကစ္စတန်နိုင်ငံသားများ ရှိသည့် ကမ္ဘာတစ်ဝှမ်းတွင် ထိုကဲ့သို့ အလားတူ ကွန်ယက်များ ရှိနေပြီး ပါကစ္စတန်ထောက်လှမ်းရေးများက သူတို့၏ ကိုယ်ပိုင်အစီအစဉ်ကို တိုးမြှင့်ရန် အသုံးပြုနေသည်။

နိုင်ငံကူးလက်မှတ်အတုများနှင့် ပတ်သက်နေသော အလားတူပြစ်မှုတစ်ခုသည်လည်း ပြင်သစ်တွင် လည်ပတ်ကြောင်း အစီရင်ခံခဲ့သည်။ ယင်းလှုပ်ရှားမှုများကို ထိန်းချုပ်နေသော B.Hအမည်ရှိ လူသည် ပဲရစ်ရှိ ပါကစ္စတန်သံရုံးနှင့် အဆက်အသွယ်ရှိကြောင်း သံသယရှိသည်။

ကျွန်ုပ်တို့၏ သတင်းရင်းမြစ်များအရ ပြင်သစ်နိုင်ငံ Gare Du Nord အနီးတည်ရှိသော ပါကစ္စတန်စားသောက်ဆိုင်၊ La Courneuva အတွင်းရှိလူမှုဖူလုံရေးအဖွဲ့ရုံးနှင့် ပဲရစ်ရှိ ဆယ်ခုမြောက်နယ်မြေအတွင်း ခရီးသွားအေဂျင်စီတို့သည် တရားမဝင် ပါကစ္စတန်နိုင်ငံကူးလက်မှတ်များကို ရောင်းဝယ်ဖောက်ကားမှုနှင့် ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ပေါ်တူဂီစသော ဥရောပနိုင်ငံများတွင် နေထိုင်ခွင့် လက်မှတ်အတုတို့အတွက် ရှေ့တန်းမှ အသုံးပြုသည်။

ယင်းအထောက်အထားကဒ်များနှင့် ခရီးသွားစာရွက်စာတမ်းများအတွက် ကုန်ကျစရိတ်သည် မည်သည့်နေရာတွင်မဆို ယူရို ၈၅၀မှ ၁၅၀၀အထိ ရှိသည်။

ဥပမာအားဖြင့် စုံစမ်းစစ်ဆေးမှုအတွင်း ယင်းကွန်ယက်နှင့် ဆက်စပ်နေသော လူတစ်ဦးကိုင်ဆောင်ထားသည့် ခရီးသွားစာရွက်စာတမ်းအတုမိတ္တူများကို ကျွန်ုပ်တို့ ရခဲ့သည်။ ပြင်သစ်နိုင်ငံအခြေစိုက်ပြီး လူတစ်ဦးချင်းသည် နာမည်ကွဲများဖြင့် ပါကစ္စတန်နှင့် ဗြိတိန်နိုင်ငံကူး လက်မှတ်များစွာရှိသည်။

ထို့ကြောင့် အောက်တွင် ဖော်ပြထားသော ဓါတ်ပုံတွင် ပြထားသည့်အတိုင်း ထိုလူသည် အမည်ကွဲနှစ်ခုဖြင့် ဗြိတိန်နိုင်ငံကူးလက်မှတ် နှစ်ခု ကိုင်ဆောင်ထားသည်။

သူ့တွင် ပါကစ္စတန်နိုင်ငံကူးလက်မှတ် သုံးခုလည်း ရှိသေးသည်။ သတင်းရင်းမြစ်များအရ ထိုများစွာသော အထောက်အထားများသည် ပြင်သစ်ဘဏ်များတွင် ဘဏ်စာရင်းများနှင့် အကြွေးဝယ်ကဒ်များစွာ ကိုင်ဆောင်စေနိုင်သည်။

ISIအဖွဲ့သည် ဂျီဟတ်လှုပ်ရှားမှု အကြမ်းဖက်အုပ်စုများနှင့် အဆက်အသွယ်ရှိနေသောကြောင့် အနောက်နိုင်ငံရှိ ISI ဌာနခွဲများမှ ကြိုးကိုင်ခြယ်လှယ်သော ရာဇဝတ်မှုကွန်ယက်များသည် အကြမ်းဖက်အဖွဲ့ဝင်များကို ဝန်ဆောင်မှုပေးနေသည်ဟု အနောက်နိုင်ငံများတွင် စိတ္တဇဆန်ဆန်မေးခွန်းများ ပေါ်ထွက်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly