မြန်မာနိုင်ငံက သမိုင်းဝင်ရွေးကောက်ပွဲ၏ လှုံ့ဆော်မှုအားဖြင့် ကမ္ဘောဒီးယားနိုင်ငံက အဓိကအတိုက်အခံခေါင်းဆောင်က ၂၀၁၈ ရွေးကောက်ပွဲတွင် ငြိမ်းချမ်းစွာအာဏာလွဲပြောင်းပေးရေးကို နိုဝင်ဘာ ၁၀ ရက်တွင် တိုက်တွန်းပြောကြားလာသည်။
ကမ္ဘောဒီးယားအမျိုးသားကယ်ဆယ်ရေးပါတီဥက္ကဌဖြစ်သူ ဆမ်ရိန်းစီက အမာသမား ဝန်ကြီးချုပ်ဟွန်ဆန်အား အေးအေးချမ်းချမ်းဖြင့် ရာထူးမှ ဆင်းပေးသွားနိုင်ရေးတွင် အဓိကအလှုရှင်နိုင်ငံဖြစ်နေသည့် ဂျပန်နှင့် ကျန်နိုင်ငံတကာအဖွဲ့အစည်းများက ဖိအားပေးကြရန်လည်း တိုက်တွန်းပြောကြားသည်။
"ကမ္ဘာမှာဖြစ်ပျက်နေတဲ့ ဖွံ့ဖြိုးမှုတွေကို ကျွန်တော်တို့ မြင်ရမှာပါ။ အထူးသဖြင့် လတ်တလောမြန်မာနိုင်ငံရေးအခင်းအကျင်းပါပဲ။"ဟု တိုကျိုတွင် သတင်းထောက်များအား ဆမ်ရိန်းစီက ပြောကြားသည်။
နိုဝင်ဘာ ၈ရက် မြန်မာနိုင်ငံ၏ သမိုင်းတွင် ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ပါတီအား ရှုံးနိမ့်ကြောင်း ပြိုင်ဖက်အာဏာရ ပါတီထိပ်တန်းအဖွဲ့ဝင်တစ်ဦး ဝန်ခံပြီးနောက် ဆမ်ရိန်းစီက ယခုကဲ့သို့ ပြောကြားလာခြင်းဖြစ်သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအိုကီရှီဒါနှင့် ဂျပန်လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် ကမ္ဘောဒီးယားတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကူညီထောက်ကူပြုကြရန် ဆမ်ရိန်းစီက ကြိုးစားခြင်းဖြစ်သည်။