ရွေးကောက်ပွဲ မျှတမှု မရှိပေမယ့် လွတ်လပ်ပွင့်လင်းမှု များစွာရှိဟု ဒေါ်စုပြော

ရွေးကောက်ပွဲ မျှတမှု မရှိပေမယ့် လွတ်လပ်ပွင့်လင်းမှု များစွာရှိဟု ဒေါ်စုပြော

ရွေးကောက်ပွဲရလဒ်များက NLD ပါတီက လွှတ်တော်တွင် နေရာများစွာရရှိလာမည့် အခြေအနေရှိကာ အစိုးရသစ်ဖွဲ့စည်းနိုင်တော့မည့် အနေအထားတွင်ရှိသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး "မျှတမှု မရှိပေမယ့် လွတ်လပ်ပွင့်လင်းမှု များစွာရှိကြောင်း" အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီနှင့် အင်တာဗျူးတွင် ပြောလိုက်သည်။

"အချိန်ကလည်း ပြောင်းလဲနေပါပြီ။ ပြည်သူတွေလည်း အရင်လို မဟုတ်တော့ပါဘူး ပြောင်းလဲနေပါပြီ။"ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ပါတီ NLD က လွှတ်တော်နေရာများစွာ အနိုင်ရကာ နောက်အစိုးရသစ် ဖွဲ့စည်းနိုင်မည့် အခြေအနေကို ရွေးကောက်ပွဲရလဒ်များက ဖော်ပြနေပြီး ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက်များ ထုတ်လာခဲ့သည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်များက နှစ် ၂၅ အတွင်း ပို၍ ဒီမိုကရေစီကျသည့် ရွေးကောက်ပွဲအဖြစ် လေးလေးနက်နက် သုံးသပ်စရာရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း အာဏာရနိုင်ခြေရှိကာ စစ်အုပ်ချုပ်ခံ ဆယ်စုနှစ်များစွာပြီးနောက်ပိုင်း နိုင်ငံ၏ နိုင်ငံရေးလမ်းပြမြေပုံကို ပြန်လည်ပုံဖော်နိုင်ခွင့် ရနိုင်တော့ဖွယ်ရှိသည်။

သို့သော် ဖွဲ့စည်းပုံအရမှု ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ ဖြစ်နိုင်ခွင့် မရှိပေ။

လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲ အရှုံးကို ဝန်ခံထားပြီးလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags