ပြည်သူဆန္ဒကို အလေးထားရန် ရွေးကောက်ပွဲအပြီး စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းပြောကြား

ပြည်သူဆန္ဒကို အလေးထားရန် ရွေးကောက်ပွဲအပြီး စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းပြောကြား

ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရဖို့ ဦးတည်လျက်ရှိနေသည့် အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အနေဖြင့် ပြည်သူဆန္ဒကို အလေးထားအသိအမှတ်ပြုရန် တိုက်တွန်းပြောကြားသည်။

နိုင်ငံတွင် နောက်ဆုံးရွေးကောက်ပွဲတစ်ရပ်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲက NLD ပါတီ၏ အနိုင်ရလဒ်ကို ယခင်စစ်အုပ်ချုပ်ရေးက အသိအမှတ်မပြုဘဲရှိခဲ့သည်။

"အချိန်ကာလကလည်း မတူတော့ပါ။ ပြည်သူတွေကလည်း ပြောင်းလဲနေပါပြီ။"ဟု နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအပြီး ပထမဆုံး အင်တာဗျူးအဖြစ် ဘီဘီစီသို့ ပြောကြားသည်။

ရွေးကောက်ပွဲတွင် အာဏာရပါျတီ ပြည်ခိုင်ဖြိုးက မရှုမလှ မဲများရှုံးလျက်ရှိနေသည်။ NLD ပါတီက ၇၅ ရာခိုင်နှုန်း နိုင်ခြေပေါ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စစ်အာဏာရှင်စနစ်အောက် ဆယ်စုနှစ် ငါးခုစာ ကျရောက်ခဲ့သည့် နိုင်ငံတွင် အာဏာအပြောင်းအလဲဖြစ်ပေါ်စေမည့် ရွေးကောက်ပွဲအပေါ် "မျှတမှု မရှိပေမယ့် လွတ်လပ်ပွင့်လင်းမှုများစွာရှိကြောင်း" ပုံမှန်မဟုတ်ဘဲ ညစ်ကွက်သည့် လှည့်ကွက်များရှိသည့် သတင်းများထွက်ပေါ်နေခြင်းကို ရည်ညွန်းကာ ဖြေကြားခဲ့သည်။

အနိုင်ရပါက အစိုးရဖွဲ့သည့်အခါ သမ္မတတစ်ဦးခန့်အပ်ကာ အစိုးရအဖွဲ့ကို ပဲ့ကိုင်သွားမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD ပါတီအနိုင်ရခဲ့ပါက ဖွဲ့စည်းပုံနှင့် ညီညွတ်သူအား သမ္မတအဖြစ် ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်က နေအိမ်တွင် Channel NewsAsia သို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Ref: The Telegraph

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly