အမည်ပျက်စာရင်းသွင်းထားသူက ချုပ်ကိုင်ထားသောကြောင့် အမေရိကန်-မြန်မာ စီးပွားရေးဆက်ဆံမှုကို ခြိမ်းခြောက်နေ

အမည်ပျက်စာရင်းသွင်းထားသူက ချုပ်ကိုင်ထားသောကြောင့် အမေရိကန်-မြန်မာ စီးပွားရေးဆက်ဆံမှုကို ခြိမ်းခြောက်နေ

မြန်မာနိုင်ငံ၏ အဓိကဆိပ်ကမ်းတစ်ခုကို ဝါရှင်တန်က အမည်ပျက်စာရင်းသွင်းထားသည့် အမျိုးသားတစ်ဦးက ထိန်းချုပ်ထားကြောင်း သိရှိပြီးနောက် အနောက်နိုင်ငံများ၏ ဘဏ်များက မြန်မာနိုင်ငံတွင် ကုန်သွယ်မှုဘဏ္ဍာကဏ္ဍကို လျှော့ချလျက်ရှိပြီး ထွန်းသစ်စ အမေရိကန်-မြန်မာ စီးပွားဆက်ဆံမှုကို ခြိမ်းခြောက်လျက်ရှိသည်။

Citigroup Inc ၊ Bank of America ၊ HSBC နှင့် PNC Financial ဘဏ်များအပါအဝင် ဘဏ်အချို့က မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးဘဏ္ဍာထောက်ပံ့မှုကို ကန့်သတ်ပြီးနောက် အမေရိကန်က မြန်မာသို့ ကုန်တင်ပို့မှုမှာ သိသိသာသာနှေးကွေးခဲ့သည်ဟု အရေးယူမှုကိုစိစစ်သည့် ရှေ့နေများ၊ အဆိုပါကိစ္စနှင့် ကျွမ်းဝင်သည့် ပုဂ္ဂိုလ်များက ပြောသည်။

ရန်ကုန်၏ အဓိကဆိပ်ကမ်းကို မြန်မာစစ်တပ်နှင့် ဆက်ဆံမှုကြောင့် အမေရိကန်ကန်က ပိတ်ဆို့ထားသော စတီဗင်လောက ထိန်းချုပ်ထားသည်ကို ကုန်သွယ်ရေးစာရွက်စာတမ်းများကို လေ့လာပြီးနောက် Citigroup ကဇွန်လက သိရှိခဲ့သည်ဟု ၎င်းတို့ကပြောသည်။

ထို့နောက် Citigroup သည် အခြားဘဏ်များကို သတိပေးခဲ့သည်။ ထို့နောက် နောက်ထပ် ဘဏ္ဍာထောက်ပံ့ခြင်းက အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ခြင်းဖြစ်ကြောင်း လိုက်နာသောအရာရှိများက သတိပေးခဲ့ကြသည်ဟု လူသိရှင်ကြားပြောကြားခွင့် မရှိသော သတင်းရင်းမြစ်အချို့က ပြောကြားခဲ့သည်။

အမေရိကန်နှင့် မြန်မာကြား စီးပွားရေးဆက်ဆံမှု မကြားသေးသော်လည်း လျင်မြန်စွာ ဖွံ့ဖြိုးလျက်ရှိပြီး နိုင်ငံ၏ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရာတွင် အရေးကြီးသောကာလ၌ ဝါရှင်တန်၏ သြဇာကို ဆက်လက်ထိန်းသိမ်းရေးမှာ အလွန်အရေးပါသည်ဟု အမေရိကန်သံတမန်များက ရှုမြင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly