ရုရှ၏ ကျူးကျော်မှုကို တားဆီးရန် အမေရိကန်က နျူလက်နက်များကို အဆင့်မြင့်တင်

ရုရှ၏ ကျူးကျော်မှုကို တားဆီးရန် အမေရိကန်က နျူလက်နက်များကို အဆင့်မြင့်တင်

ရုရှ၏ ကျူးကျော်မှုကို တန်ပြန်ရန်အတွက် အမေရိကန်က ၎င်း၏ နျူကလီးယားလက်နက်များကို အဆင့်မြင့်တင်လျက်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက နိုဝင်ဘာ ၇တွင်ပြောကြားသည်။

အမေရိကန်သည် ရုရှ၏ ကျူးကျော်မှုကို တားဆီးရန်၊ မဟာမိတ်များနှင့် မိတ်ဖက်များ၏ အားနည်းချက်များကို လျှော့ချရန်အတွက် မိမိတို့ကိုယ်တိုင်သာမက မဟာမိတ်များနှင့်ပါ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ယင်းသို့ ဆောင်ရွက်စဉ် စစ်ဆင်ရေးဆိုင်ရာရပ်တည်ချက်နှင့် အရေးပေါ်အစီအစဉ်များကို လိုက်လျောညီထွေဖြစ်ရန် ဆောင်ရွက်နေသည်ဟု ကယ်လီဖိုးနီးယားရှိ  ရော်နယ်ရေဂင် စာကြည့်တိုက်တွင်   ပြုလုပ်သော ကာကွယ်ရေးဖိုရမ်တစ်ခုတွင် ပြောကြားသည်။

အမေရိကန်သည် ဒရုန်းများနှင့် တာဝေးပျံသန်းဗုံးကြဲလေယာဉ်များအပြင် လေဆာလက်နက်များနှင့် အီလက်ထရောနစ်စစ်ဆင်ရေးအတွက်စနစ်သစ်များ ကဲ့သို့ နည်းပညာသစ်များတွင် ရင်းနှီးမြုပ်နှံကာ ၎င်း၏နျူကလီးယားလက်နက်များကို ခေတ်မီအောင်ပြုလုပ်လျက်ရှိသည်ဟု ကာတာက ပြောသည်။

ထိုနေရာတွင် မပြောပြနိုင်သည့် အံ့သြဘွယ်ကောင်းသည့် လက်နက်သစ်များအကြောင်းကိုလည်း ကာတာက အရိပ်အမြွက်ပြောကြားခဲ့သည်။ ရုရှ၏ ပြောင်းလဲသွားသည့် အပြုအမူကြောင့် တားဆီးကာကွယ်ရေးအတွက် စစ်ဆင်ရေးအစီအစဉ်များ အဆင့်မြင့်တင်လျက်ရှိကြောင်းလည်း ကာတာကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly