မြန်မာရွေးကောက်ပွဲကို လေးစားရန် စစ်တပ်ကို အမေရိကန် တိုက်တွန်း

မြန်မာရွေးကောက်ပွဲကို လေးစားရန် စစ်တပ်ကို အမေရိကန် တိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ။           ။ မြန်မာနိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲမှာ ချောချောမွေ့မွေ့ပြီးဆုံးခဲ့ပြီး ဒီမိုကရေစီအတွက် ရှေ့သို့တက်လှမ်းလာသော ကြီးမားသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း အရှေ့အာရှရေးရာ အမေရိကန်ထိပ်တန်းသံတမန်တစ်ဦးက ပြောသည်။

အမေရိကန်နှင့် နိုင်ငံအသိုင်းအဝိုင်းမှ အခြားအဖွဲ့ဝင်များသည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲ၏ ရလဒ်များကို လေးစားရန် စစ်တပ်အကြီးအကဲများကို တိုက်တွန်းမည်ဟု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒယ်နီယယ် ရပ်ဆဲလ်က ဝါရှင်တန်အခြေစိုက် သတင်းထောက်များကို ပြောကြားခဲ့သည်။ ရွေးကောက်ပွဲရလဒ်များကို တရားဝင်မထုတ်ပြန်ရသေးသော်လည်း မိမိတို့အပြတ်အသတ်အနိုင် ရလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အဓိကအတိုက်အခံပါတီက ခန့်မှန်းလျက်ရှိသည်။

ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များမှာ ယခုအချိန်အထိ ဝင်လာနေဆဲဖြစ်သော်လည်း သိသာထင်ရှားသည့် အကြမ်းဖက်မှုဖြစ်စဉ်များနှင့် မဲပေးမှုလုပ်ငန်းစဉ်တွင် ဝင်ရောက်စွက် ဖက်သည့် ဖြစ်စဉ်များမရှိဟု အစိုးရမဟုတ်သည့် ရွေးကောက်ပွဲစောင့်ကြည့်သော အဓိကအဖွဲ့ကြီးက ပြောသည်ဟု ရပ်ဆဲလ်ကဆိုသည်။

လာမည့် သီတင်းပတ်ကာလများက သိမ်မွေ့ပြီး အရေးကြီးသည့်ကာလ ဖြစ်လိမ့်မည်ဟု ၎င်းကပြောကြားခဲ့ပြီး အစိုးရတစ်ရပ်ဖွဲ့စည်းစဉ် နိုင်ငံရေးလုပ်ငန်းစဉ် အစီအစဉ်ကျနရေးနှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များကို ၎င်းက တောင်းဆိုလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly