ရှုံးသွားပေမယ့် ပြည်သူလူထုအပေါ် စိတ်မကွက်ပါဘူးလို့ ပြည်ခိုင်ဖြိုး ပူးတွဲဥက္ကဋ္ဌ ဦးဋ္ဌေးဦးဆို

ရှုံးသွားပေမယ့် ပြည်သူလူထုအပေါ် စိတ်မကွက်ပါဘူးလို့ ပြည်ခိုင်ဖြိုး ပူးတွဲဥက္ကဋ္ဌ ဦးဋ္ဌေးဦးဆို

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးခင်မောင်ရီကို ရှုံးနိမ့်သွားသည့် ပြည်ခိုင်ဖြိုး ပူးတွဲဥက္ကဋ္ဌ ဦးဋ္ဌေးဦးက သူ့ကို မဲမပေးခဲ့ကြသည့် ပြည်သူလူထုကို စိတ်မကွက်ပါဟု ပြောဆိုသည်။

တပ်မတော်တွင် ထိပ်ပိုင်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းခဲ့ဘူးပြီး ကြံ့ခိုင်ရေး ပါတီ၏ ထိပ်တန်းခေါင်းဆောင်လည်း ဖြစ်သူ ဦးဋ္ဌေးဦးက “လူထု အပေါ်မှာလည်းပဲ ဘာမှ စိတ်ပျက်စရာမရှိဘူး စိတ်ကွက်စရာလည်း မရှိဘူး” ဟု ဦးဋ္ဌေးဦးက ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနေသည့်နေ့တွင် ဟင်္သာတမြို့တွင် ရာခိုင်နှုန်းပြည့်နှင့် ဧရာဝတီတိုင်းတွင် ၉၀ ရာခိုင်နှုန်းကျော် ကြံ့ခိုင်ရေးနိုင်လိမ့်မည်ဟု ပြောဆိုခဲ့သည့် ဦးဋ္ဌေးဦးက “ပြည်သူ့ အဆုံး အဖြတ်ပဲ ဘယ်လိုမှ သဘောမထားဘူး” ဟုလည်း ဆိုခဲ့သည်။

သူ၏ ဇာတိမြေလည်းဖြစ်သော ဟင်္သာတမြို့နယ် ဖွံ့ဖြိုးရေးအတွက် လုပ်ပေးခဲ့ပြီး ယခုမူ “လွှတ်တော် ကိုယ်စားလှယ် ရွေးပေးတယ်ဆိုရင် လွှတ်တော်ထဲကနေ ဟင်္သာတ အကျိုးအတွက် လုပ်ပေးလို့ရတယ်။ ရွေးမပေးဘူး ဆိုရင် လွှတ်တော်ထဲက ပြောပေးလို့မရဘူး ဒါပါပဲ ကျန်တာ ဘာမှ မရှိဘူး” ဟုလည်း ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags