ဆလုံတိုင်းရင်းသားများ အများဆုံး ဖမ်းဆီးသည့် ပငို များ ရှားပါးစ ပြုလာ

ဆလုံတိုင်းရင်းသားများ အများဆုံး ဖမ်းဆီးသည့် ပငို များ ရှားပါးစ ပြုလာ

မြိတ်ကျွန်းစု အတွင်း နေထိုင်တဲ့ မော်ကင်း (ခ) ဆလုံ တိုင်းရင်းသား တွေဟာ အများဆုံး ကောက်ယူနေတဲ့ ပငို (ခ) ကျောက်ပိုးတွေကို ဖမ်းဆီးသူတွေ များလာနေတာကြောင့် ရှားပါးစပြုနေပြီး ဖြစ်ပါတယ်။ အဲဒီ ပငို (ခ) ကျောက်ပိုး အကောင်တွေဟာ ပင်လယ် ကမ်းစပ်မှာ ရှိတဲ့ ကျောက်တုံးနဲ့ ကျောက်ပုံတွေကြားမှာ နေထိုင်တဲ့ အကောင် တစ်မျိုးဖြစ်ကာ ယခင်က ဆလုံတိုင်းရင်းသားများသာ ဖမ်းဆီးမှု ရှိခဲ့ပြီး၊ အခုချိန်မှာတော့ အခြားသူများပါ ဖမ်းဆီး ကောက်ယူလာတဲ့ အတွက် ရှားပါးလာခြင်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရိုက်ကူး / တည်းဖြတ် - ဒီမိုးသွေး ( မြိတ် )

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly