မိုဒီလာရောက်ပြီးနောက် ကတ်ရှ်မီးယားတွင် လူသေသည့်အထိ ပဋိပက္ခများဖြစ်

မိုဒီလာရောက်ပြီးနောက် ကတ်ရှ်မီးယားတွင် လူသေသည့်အထိ ပဋိပက္ခများဖြစ်

အိန္ဒိယအချုပ်အခြာသက်ရောက်ရာ ကတ်ရှ်မီးယားဒေသသို့ ဝန်ကြီးချုပ်နာရန္ဒြာမိုဒီ လာရောက်ပြီးနောက် အစိုးရတပ်ဖွဲ့များနှင့် ဆန္ဒပြသူများ ပဋိပက္ခများဖြစ်ရာတွင် လူတစ်ဦးသေဆုံးသည်။

လူအုပ်ကို ရဲများက ပစ်ခတ်ပြီး မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲစေသော်လည်း လူသေဆုံးသည့် သတင်းကြောင့် သီရိနာဂါမြို့လမ်းများတွင် ဆန္ဒပြသူများ ပိုတိုးလာစေတော့သည်။

အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်သည့် ဆိုနေကြသည့် ကတ်ရှ်မီးယားအရေးမှာ နှစ် ၆၀ ကျော် ပေါက်ကွဲလုအခြေအနေမျိုးဖြင့် ရှိနေခဲ့သည့် ဒေသဖြစ်သည်။

ဟိမဝန္တာရှိ ယင်းဒေသအရေးနှင့် ပတ်သက်ကာ နှစ်နိုင်ငံပြိုင်ဖက်တို့ နှစ်ပွဲနှစ်ကြိမ် ခင်းဖူးသည်။

တစ်ရက်တာ လာရောက်သည့် ခရီးစဉ်တွင် မိုဒီက နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်အောင် ဦးတည်ပေးခဲ့သည်။

ယင်းဒေသဖွံ့ဖြိုးရေးကို ဦးတည်ရည်မှန်းကာ ဒေါ်လာ ၁၂ ဘီလီယံ ကုန်ကျသုံးစွဲရန် ကတိပြုခဲ့သည်။

ကတ်ရှ်မီးယား၏ ကံတရားကို ပြောင်းလဲနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားကြောင်း မိုဒီက ပြောခဲ့သည်။

"ကတ်ရှ်မီးယားကို အသစ် တည်ဆောက်ဖို့ လိုတယ်။ အင်အားကောင်းတဲ့ ကတ်ရှ်မီးယားဖြစ်ရမယ်။"ဟု ဝန်ကြီးချုပ်မိုဒီက ပြောသွားခဲ့သည်။

သို့သော် ခွဲထွက်ရေးခေါင်းဆောင်တစ်ချို့က နိုင်ငံရေးပြဿနာတစ်ရပ်က စီးပွားရေးအရ ဖြေရှင်းလို့ရမည်မဟုတ်ကြောင်း သတိပေးထားကြသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly