ကိုဗစ်နဲ့ ထောင်ကျခြင်းအနုပညာ - ၁၂

သန့်ဇော်(သန်လျင်)

ထောင်ထဲက ရေးတဲ့စာ( အပိုင်း - ၆ )

ခုတလော တွေ့နေရ ကြားနေရ ပွက်လောရိုက်နေတာတွေကတော့ ရွေးကောက်ပွဲသတင်းတွေပဲ ဖြစ်ပါ တယ်။ ရွေးကောက်ပွဲနဲ့ ဆက်စပ်သတင်းတွေကလည်း တချို့ကောင်းရဲ့၊ တချို့ ဘာရည်ရွယ်ချက်နဲ့ လုပ်မှန်းမသိတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထူးထူးဆန်းဆန်း တွေ့နေရတော့ လူရယ်စရာထက် တိုင်းပြည်အကျိုးယုတ်နိုင်တဲ့ ကိစ္စလို့ပဲ မြင်မိပါတယ်။  

ကိုဗစ်နဲ့ ထောင်ကျခြင်းအနုပညာ - ၁၁

ဒါတွေကလည်း တကယ်တော့ လူမှုကွန်ရက်တွေ ဖောင်းပွနေတဲ့ မြန်မာနိုင်ငံရဲ့ ဒီအချိန်မှာ အဆန်း တကြယ် မဟုတ်ပေမယ့် သတိထားရမယ့် ကိစ္စပဲ မဟုတ်ပါလား။ လူမှုကွန်ရက်တွေ(face book)ရဲ့ ထိုးနှက်မှုကို တစ်ဖက်က လည်း လျစ်လျူပြုလို့ မရတဲ့အခါ ပြန်လည်းတုံ့ပြန်နေရတာကလည်း ပင်ပန်းရပါတယ်။ ဒါကလည်း ကျွန်တော်တို့ နိုင်ငံမှာပဲ ရှိတာမဟုတ်ပါဘူး၊ နိုင်ငံတော်တော်များများမှာ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပိုလို့ များတာပေါ့။

ကိုဗစ်နဲ့ ထောင်ကျခြင်းအနုပညာ - ၁၀

သူ့အမြင် ကိုယ့်အမြင်ရှိပေမယ့် အနာဂတ်ကို တက်လှမ်းတဲ့အခါ သမိုင်းကြောင်းကို အခြေပြု သင်ခန်း စာယူပြီး လုပ်ကြ ကိုင်ကြပါမှ အမှန်နဲ့ နီးစပ်မှု ရှိမှာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပေးမယ့် အသဲကြားက မဲတစ်ပြားဟာလည်း လာမယ့် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွက် ပေးရမှာဆို တော့ ဘယ်ပါတီကို မဲပေးသင့်သလဲ၊ အဘယ်သော ပုဂ္ဂိုလ်ကိုတော့ဖြင့် မဲ မပေးသင့်သလဲဆိုတာ မိမိ ကိုယ်တိုင် ရွေးချယ် ရမှာပဲ ဖြစ်ပါတယ်။  

ထောင်ထဲက ရေးတဲ့စာ ကို ပြန်ဆက်ပါဦးမယ်။

ကိုဗစ်နဲ့ ထောင်ကျခြင်းအနုပညာ - ၉

မိုးသီဟက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုင်ငံတကာ သတင်းထောက်တွေ၊ သတင်းစာဆရာတွေကို ကျွန်ုပ်တို့ မဟုတ်ကြောင်း၊ NLD ကို သိက္ခာချတာသာ ဖြစ်ကြောင်း၊ ရှင်းလင်းပါတယ်။ မရှေးမနှောင်း တင်မှာပဲ KNU အဖွဲ့က ခေါင်းဆောင် စောဘိုမြကလည်း သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲသူမှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း၊ NLD မှ လူငယ်များနှင့် လုံးဝ မပတ်သက်ကြောင်း၊ နဝတ နှင့် နိုင်ငံတကာ သို့ အသိပေးကြေညာပါတယ်။

၁၇ - ၇ - ၁၉၈၉ နေ့မှာကျွန်ုပ်တို့ကို စစ်ကြောရေးစခန်းမှ အင်းစိန်ထောင်သို့ပို့ပါတယ်။ တစ်ရက်တွင် ကျွန်ုပ်ကို ထားရှိရာ အထူးတိုက်ခန်းမှနေ၍ စောင်ဖြင့်အုပ်ပြီး အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို ထိုင်စေပြီး အုပ်ထားသောစောင်ကို ဖယ်လိုက်ပါတယ်။ ကျွန်ုပ်၏ရှေ့တွင် ပထမဦးဆုံး တွေ့ရှိရ သူမှာ တရားသူကြီး တစ်ဦးဖြစ်ပြီး (သူ့ကိုယ်သူ မိတ်ဆက်ပေးသောကြောင့် တရားသူကြီးမှန်းသိရ) လက်ဝဲဖက်ဘေးတွင် အမျိုးသမီး နှစ်ဦးကိုတွေ့ရပါတယ်။  သူတို့သည် သက်သေများဖြစ်တယ်လို့ ပြောပါတယ်။  

ကျွန်ုပ်၏ လက်ယာဖက်တွင်  ဗီဒီယိုကင်မရာတစ်ခုကို ထောင်ထားပြီး ၎င်းမှန်ဘီလူးက ကျွန်ုပ်အား ချိန်ရွယ်ထားပါတယ်။ ဗီဒီယိုကင်မရာဘေးတွင် မြန်မာ့သတင်းစဉ်(ဒါမှမဟုတ်) ထောက်လှမ်းရေးမှဟု ယူဆရသောသူက ကျွန်ုပ်ကို ဓာတ်ပုံရိုက်နေသည့် ဓာတ်ပုံကင်မရာသမား တစ်ဦးကို တွေ့ရပါတယ်။ ကျွန်ုပ်၏ရှေ့တည့်တည့် နှစ်ပေခန့်အကွာ စားပွဲခင်းအောက်တွင် အသံဖမ်း မိုက်ကရိုဖုန်း အပြားလေးကို တွေ့ရပါတယ်။ ၎င်းမှ ထွက်သော ဓာတ်ကြိုးသည် ကျွန်ုပ်နောက်ကျောဖက် ဆယ့်နှစ်ပေခန့်အကွာရှိ တိတ်ခွေနှစ်ခွေထည့်ထားသည့် ကက်ဆက်ရီကော်ဒါ နှစ်လုံးဆီသို့ ဆက်သွယ်ထားကြောင်း တွေ့ရှိရပါ တယ်။ ၎င်းအနီးအနားတွင် စစ်တပ်မှ အရာရှိတစ်ချို့ကိုလည်း ကျွန်ုပ်လှည့်ကြည့်သောကြောင့် တွေ့ခဲ့ရ ပါတယ်။

ကိုဗစ်နဲ့ ထောင်ကျခြင်းအနုပညာ - ၈

တရားသူကြီးဆိုသူက သူ့ကိုသူမိတ်ဆက်ပြီး ကျွန်ုပ်ကို ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေး ရန်ဖြစ်ကြောင်း၊ မပေးလိုပါက မပေးဘဲနေလို့ရကြောင်း ပြောပါတယ်။ ကျွန်ုပ်ကလည်း မဆိုင်းမတွပင် ကျွန်ုပ်သည် ဖြောင့်ချက်ပေးရန် ဆန္ဒ လုံးဝမရှိကြောင်း၊ ကျွန်ုပ်မှာ ကျန်းမာရေးမကောင်းကြောင်း တရားရုံးရောက်မှသာ အများရှေ့မှောက်တွင် ဖြောင့်ချက်ပေးမှာ ဖြစ်ကြောင်း ပြောရာ တရားသူကြီးက ထပ်မံစဉ်းစားပါရန် စဉ်းစားဖို့ အချိန်ပေးလိုက်ပါတယ်။ အဲဒီ အချိန်က နေ့လည် ၁၂ နာရီကျော် ဖြစ်ပါ တယ်။

ထို့နောက် ထောက်လှမ်းရေးများက ကျွန်ုပ်ကို စောင်အုပ်၍ အပြင်သို့ ခေါ်သွားပြီး အခန်းတစ်ခုထဲသို့ ‌ခေါ်သွားပါတယ်။ ကျွန်ုပ်ကို ဆဲဆိုကြပြီး ဝိုင်းဝန်းထိုးကြိတ်ကြပါတော့တယ်။ ခြေတောက်တွေနဲ့လည်း ဆောင့်ကန်ကြပါတယ်။ စောင်ကို ခွာလိုက်ပြီး မျက်နှာကို လက်သီးတွေနဲ့ ထိုးပါတယ်။ ကျွန်ုပ်အား စတင်ဖမ်းဆီး နှိပ်စက်သော ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ အောင်သပြေ ရဲရိပ်သာမှ ထောက်လှမ်းရေးများပင် ဖြစ်ပါတယ်။  

ကျွန်ုပ်လည်း ဖြောင့်ချက်မပေးနိုင်ကြောင်း တရားရုံးရောက်မှ အမှန်အတိုင်း အများရှေ့မှောက်တွင် ပြောမည်ဖြစ်ကြောင်း၊ အဖန်ဖန် တောင်းပန် တိုးလျှိုး၍ ပြောပါတယ်။ အချိန်မှာလည်း တဖြည်းဖြည်း ညအချိန်သို့ ရောက်ရှိလာပါတော့တယ်။

ရေဒီယိုမှ ည ၈ နာရီထိုးသည့် အသံ၊ သတင်းကြေညာနေသော အသံတို့ကို ကြားနေရပါတယ်။ ၎င်းသတင်းများတွင် စစ်ခုံရုံးများ ဖွင့်လှစ်ခြင်းကိုလည်း ကြေညာသံကြားရပါတယ်။ မရှေးမနှောင်းတွင် နဝတ အတွင်းရေးမှူး(၁) ဦးခင်ညွန့်က သန်လျင်ရေနံချက်စက်ရုံ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြောင်း ကြေညာသံကိုလည်း ကြားနေရပါတယ်။ ထို့နောက် ချက်ချင်းပင် ထောက်လှမ်းရေးများက တခြားမကြားနိုင်သည့်နေရာသို့ ကျွန်ုပ်ကို ခေါ်ဆောင်သွားပါတယ်။ ။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly