Facebook ကုမ္ပဏီဝန်ထမ်းများ ၂၀၂၁ ဇူလိုင်အထိ အိမ်မှနေ၍ အလုပ်လုပ်ရမည် 

Facebook ကုမ္ပဏီဝန်ထမ်းများ ၂၀၂၁ ဇူလိုင်အထိ အိမ်မှနေ၍ အလုပ်လုပ်ရမည် 

ဩဂုတ် ၁၇  

Facebook ကုမ္ပဏီသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၎င်း၏ဝန်ထမ်းများကို ၂၀၂၁ ခုနှစ် ဇူလိုင်အထိ အိမ်မှနေ၍ အလုပ်လုပ်ခွင့်ပေးသွားမည်ဖြစ်ပြီး အိမ်ရှိရုံးခန်း လိုအပ်ချက်များအတွက် အမေရိကန်ဒေါ်လာ ၁ ၀၀၀ စီကိုလည်း ပေးအပ်မည်ဖြစ်ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကြာသပတေးနေ့တွင် ပြောသည်။  

ဇူလိုင်နှောင်းပိုင်းကလည်း Google ကုမ္ပဏီက ရုံး၌ရှိရန်မလိုသော ဝန်ထမ်းများကို ၂၀၂၁ ခုနှစ် ဇွန်လအထိ အိမ်ကနေအလုပ်လုပ်ရန် ခွင့်ပြုသွားမည်ဟု ပြောခဲ့သည်။ Twitter ကလည်း ဝန်ထမ်းအချို့ကို အကန့်အသတ်မရှိ အိမ်ကနေသာ အလုပ်လုပ်ကြရန် အဆိုပြုထားသည်။  

“အစိုးရနဲ့ကျန်းမာရေးပညာရှင်တွေရဲ့ လမ်းညွှန်ချက်တွေနဲ့ ကုမ္ပဏီအတွင်းဆွေးနွေးမှုတွေအရ ၂၀၂၁ ဇူလိုင်အထိ ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ခိုင်းတော့မှာပါ။ အိမ်က ရုံးခန်းအတွက်လည်း အမေရိကန်ဒေါ်လာ ၁ ၀၀၀ ထပ်ပေးသွားမှာပါ” ဟု Facebook ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူက ဝန်ထမ်းများကို email မှတစ်ဆင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။  

ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ် လျော့ကျခြင်း နှစ်လကြာသည့်အခါမှသာ အစိုးရခွင့်ပြုသည့် ကန့်သတ်ပမာဏဖြင့် ရုံးများကို ပြန်လည်ဖွင့်လှစ်သွားမည်ဟု ဆိုသည်။ 

အမေရိကန်နှင့် လက်တင်အမေရိကတွင် ရောဂါကူးစက်မှု မြင့်မားနေသဖြင့် ယခုနှစ်မကုန်ခင်အထိ နေရာအများအပြားမှရုံးများ ဖွင့်ဦးမည်မဟုတ်ကြောင်း Facebook ကုမ္ပဏီက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly