ကုမ္ပဏီများ တရုတ်ကို စွန့်ခွာပြီဖြစ်ကြောင်း အချက်အလက် 

By မောင်မြသာ
17 August 2020
ကုမ္ပဏီများ တရုတ်ကို စွန့်ခွာပြီဖြစ်ကြောင်း အချက်အလက် 

ဩဂုတ် ၁၇

၁။  တရုတ်နိုင်ငံဦးဆောင်သော ကမ္ဘာ့စီးပွားရေးသည် bell-bottom ခေါင်းလောင်းဘောင်းဘီကဲ့ သို့ ခေတ်ရေစီးကြောင်းမှ တဖြည်းဖြည်း ပျေက်ကွယ်လာနေပြီ ဖြစ်သည်။ ကနဦးအစတွင် အမေရိကန် ကုမ္ပဏီများသည် ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံအား စွန့်ခွာနေခဲ့ခြင်းသည် ယခုဆိုလျှင် ကမ္ဘာအနှံ့တွင် ဖြစ်ပွါးနေသော ကူးစက်ရောဂါအပြီးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။ Kearney(ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု အတိုင်ပင်ခံ ကုမ္ပဏီ)မှ April 2020တွင် နှစ်စဉ် ထုတ်ပြန်ခဲ့သော (၇) ကြိမ်မြောက် Reshoring Indexသည် 2019တွင် အမေရိကန်ပြည်တွင်းကုန်ထုတ်လုပ်မှုသည် ပိုမိုကြီးမားသော ဝေစုကို ပေးခဲ့သောကြောင့် ငါးနှစ်တာကာလအတွင်း သိသိသာသာ ပြောင်းလဲမှုကို ပြသခဲ့သည်။ လေ့လာမှုအရ အာရှ ၁၄နိုင်ငံမှ ကုန်တင်ပို့သူများနှင့် တရုတ်နိုင်ငံတို့မှ ကုန်တင်သွင်းခြင်းသည် အထိခိုက်ဆုံး ဖြစ်သည်။ ကုန်သွယ်ရေး စစ်ပွဲသည် တရုတ်ကုန်ပစ္စည်းများ၏ ပျက်စီးမှုအတိုင်းအတာကို ထုတ်ပြခဲ့သည်။ အမေရိကန် ကုန်ထုတ်လုပ်သူများသည် အကုန်အကျသက်သာစေရန် အဓိကထားပြီး တရုတ်နိုင်ငံမှ အရင်းအမြစ်များယူကာ ကုန်ထုတ်လုပ်သည်။ COVID -19 အပြင်းအထန်ဖြစ်ပြီးနောက် ကြိုတင် မမြင်နိုင်သော ထိခိုက်မှုများအပေါ် အလိုက်သင့် ပြောင်းလဲလာနိုင်ခဲ့သည်။ ထိုသို့ ပြောင်းလဲခြင်းသည် ဗီယက်နမ်ကဲ့သို့ အရှေ့တောင်အာရှနိုင်ငံငယ်လေးများအတွက် အကျိုးရှိလာသည်။ ၂၀၁၉ တွင် အမေရိကန်ကုမ္ပဏီများသည် အထောက်အပံ့ ကွင်းဆက်များကို ပြန်လည်သုံးသပ်လာပြီး အခွန်ရှောင်ရန် သို့မဟုတ် တရုတ်နိုင်ငံမှ တင်သွင်းကုန်များကို ရှောင်ရန် တရုတ်လူမျိုး စီးပွားရေးလုပ်ဖော်ကိုင်ဖက်များအား အရှေ့တောင်အာရှတွင် စီးပွားရေး နေရာပြောင်းလုပ်ရန် စည်းရုံးသိမ်းသွင်းခဲ့သည်။ 

၂။ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှ စတင်သော ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအပေါ် ခြေရာခံခြင်းနှင့်သေဆုံးသူအရေအတွက်ကို တွက်ချက်နေခြင်းတွင် ကမ္ဘာတစ်ဝန်းလုံး အလုပ်များနေသောကြောင့် ကုန်သွယ်ရေးစစ်ပွဲကို ခေတ္တရပ်တန့်စေခဲ့သည်။ ၂၀၂၀ အစောပိုင်းတွင် ဖြစ်ပွားသော ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံရှိ စက်ရုံများပိတ်ရသည့်အတွက် ကုမ္ပဏီများတွင် Supply chain အထောက်အပံ့ကွင်းဆက်များ ပြတ်တောက်ခြင်းအခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ တရုတ်နိုင်ငံသည် ပြန်လည် လည်ပတ်ရန် ကြိုးစားလာချိန်တွင် အမေရိကန်သည် အထောက်အပံ့ကွင်းဆက် ပြဿနာများနှင့် အချိန်အတော်ကြာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည်။

တရုတ်နိုင်ငံမှ ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်း လူမှုအသိုင်းအဝိုင်းနှင့် စီးပွားရေး ထိခိုက်မှုများ ရှိနေသော်လည်း တရုတ်နိုင်ငံသည် ကူးစက်ရောဂါ မတိုင်မီကအတိုင်း ကူးသန်းရောင်းဝယ်ရေး ပြန်လည် စတင်နိုင်သည်မှာ သံသယဖြစ်ဖွယ်ကောင်းလှသည်။ ဤကပ်ရောဂါသည် ကုမ္ပဏီများအား အရင်းအမြစ်ရှာဖွေခြင်းနည်းဗျူဟာနှင့် ထောက်ပံ့ရေးကွင်းဆက် တစ်ခုလုံးကို များစွာစဉ်းစားရန် တွန်းအားပေးခဲ့သည်။ ယုတ္တိနည်းအရ အမေရိကန် ကုမ္ပဏီများသည် တရုတ်နိုင်ငံအပေါ် မှီခိုရသည်ထက် စွန့်စားမည်ဖြစ်သည်။ အမေရိကန်အထက်လွှတ်တော်အမတ်များဖြစ်သော Josh Hawley နှင့် Tom Cotton တို့ကမူ အမေရိကန်သည် ကိုဗစ်-၁၉ နဲ့ပတ်သက်သော ဆေးဝါးနှင့် အသုံးအဆောင်များဖြစ်သည့် Ibuprofen ဆေး၊ Hazmat ဝတ်စုံများ၊ ရော်ဘာလက်အိတ်များ၊ ခွဲစိတ်ခန်းသုံး maskများ၊ အသက်ရှူစက်ကိရိယာများနှင့် အိမ်သာသုံးစက္ကူကဲ့သို့သော ပစ္စည်းများအတွက် တရုတ်နိုင်ငံအပေါ်တွင် များစွာအခြေတည်နေရသောကြောင်း အမျိုးသားလုံခြုံရေး ရှုထောင့်မှ တင်ပြခဲ့သည်။ အိမ်ဖြူတော်၏ အမျိုးသားစီးပွားရေးကောင်စီ ဥက္ကဋ္ဌ သဘာပတိဖြစ်သည့် Larry Kudlowသည် သမ္မတ ထရမ့်၏ “အမေရိကန် ပထမ” American First မူဝါဒကို ဖြည့်စွက်ထားသောကြောင့် တရုတ်နိုင်ငံမှ ပြန်ဝင်လာသော အမေရိကန် ကုမ္ပဏီများ၏ ပြောင်းရွှေ့ကုန်ကျစရိတ်ကို အမေရိကန်ဘက်မှ ကျခံရန် အဆိုပြုသည်။ တရုတ်နိုင်ငံသည် ကူးစက်ရောဂါတော်တော်များများ၏ အရင်းခံဖြစ်သောကြောင့် ကုမ္ပဏီများသည် နောက်ထပ် ဖြစ်ပေါ်လာမည့် ကူးစက်ရောဂါများကို စဉ်းစားလာကြပြီး သူတို့၏ အထောက်အပံ့များကို ကန့်သတ်လိုက်ခြင်းဖြင့် စွန့်စားလာကြသည်။ တရုတ်နိုင်ငံအား လုံးဝစွန့်လွှတ်လိုက်သည် မဟုတ်သော်လည်း အနောက်နိုင်ငံတွက် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်ခြင်းကို ကန့်သတ်လိုက်ပြီဖြစ်သည်။ 

၃။ ကုန်ထုတ်လုပ်မှု တင်သွင်းမှု အချိုး (IMR)သည် တရုတ်နိုင်ငံမှ အကောက်ခွန်ကြောင့် ကုန်တင်သွင်းမှု ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့သော အရင်နှစ်နှင့် ယှဉ်လျှင် ၂၀၁၉ ခုနှစ်တွင် အာရှနိုင်ငံများမှ ကုန်တင်သွင်းမှုကြောင့် ၇ ရာခိုင်နှုန်းသာကျဆင်းခဲ့သည်။ ယခုအခါ အမေရိကန်အနေဖြင့် ၎င်းတို့၏ ကော်ပိုရေးရှင်း အခွန်များ၊ လုပ်သားအင်အားများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကို ညှိုနှိုင်းခြင်းဖြင့် ယင်းတို့၏ ကုန်ကျစရိတ်ကို တရုတ်နိုင်ငံနှင့် တန်းတူရရှိရန်စဉ်းစားချိန်ကျလာပြီဖြစ်သည်။ ဤချဉ်းကပ်မှုသည် တရုတ်နိုင်ငံကို ပြည်ပပို့ကုန်အချက်အချာအဖြစ်အသုံးချခြင်းအပေါ် များစွာ သက်ရောက်မည်ဖြစ်သည်။ Kearney China Diversification Index သည် အမေရိကန်ကုန်တင်သွင်းမှုကို တရုတ်နိုင်ငံမှ အခြားအာရှနိုင်ငံများသို့ လမ်းကြောင်းပြောင်းလိုက်သည်။ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် အာရှနိုင်ငံများမှ အမေရိကန်သို့ တင်သွင်းမှု၏ ၆၇ ရာခိုင်နှုန်းရရှိခဲ့ပြီး ၂၀၁၉ နှစ်လယ်တွင် ၅၆ ရာခိုင်နှုန်းထိကျဆင်းသွားသည်။ ၂၀၁၉ ကာလအတွင်း အမေရိကန်သွင်းကုန်ဒေါ်လာ ၃၁ ဘီလီယံအနက် ၅၆ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှ ပြောင်းသွားပြီး ၄၆ ရာခိုင်နှုန်းကို ဗီယက်နမ်နိုင်ငံမှ ရရှိခဲ့သည်။ ထို့ပြင် ဗီယက်နမ် 

နိုင်ငံသည် ၂၀၁၈ ခုနှစ်နှင့် ယှဉ်လျှင် ၂၀၁၉တွင် အမေရိကန်ဒေါ်လာ ၁၄ဘီလီယံ ကုန်ပစ္စည်းများကို အမေရိကန်သို့ တင်သွင်းခဲ့သည်။ 

၄။ The Near to Far Trade Ratio သည် အမေရိကန်မှ မက္ကဆီကို နိုင်ငံသို့ တင်သွင်းမှုအပေါ် အခြေခံသည်။ ၂၀၁၃ ခုနှစ်မှစပြီး ၃၇ ရာခိုင်နှုန်းဝန်းကျင် ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် အချိုးသည် ၈ ရာခိုင်နှုန်းသို့ တက်သွားသည်။ လေ့လာမှုအရ တရုတ်နိုင်ငံမှလွဲပြီး အခြားနိုင်ငံများမှ တင်သွင်းကုန်တိုးတက်လာခြင်းသည် အဓိကအားဖြင့် အကောက်ခွန် သက်ရောက်မှုကြောင့် ဖြစ်သည်။ မက္ကဆီကို - ကနေဒါ သဘောတူညီမှုအပြီးတွင် မက္ကဆီကိုသည် ကုန်တင်သွင်းမှုအတွက် အနှစ်သက်ဆုံးနေရာဖြစ်လာပြီး ရွေးချယ်မှုများ များပြားလာသည်။ ကုန်သွယ်ရေးစစ်ပွဲသည် အမေရိကန်ကုမ္ပဏီများကို ပြန်လည် စဉ်းစားရန်နှင့် အထောက်အပံ့ကွန်ရက်ဗျူဟာချရန် တွန်းအားပေးခဲ့သည်။ 

၅။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုမှ ရှောင်ရှားနိုင်ရန် တရုတ်နိုင်ငံအပေါ် မှီခိုမှုနည်းသော စီးပွားရေး တည်ဆောက်ရန် ဧပြီလ ၂၀၂၀ ပြည့်နှစ်တွင် အဆိုပြုခဲ့သည်။ အထူးသဖြင့် COVID-19 ကြောင့် တရုတ်နိုင်ငံမှ ဂျပန်သို့ လာသည့် ကားအစိတ်အပိုင်းများတွင် ထုတ်ကုန်နည်းနည်းနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။  တန်ဖိုးမြင့် ကုန်ပစ္စည်းထုတ်လုပ်မှု အခြေစိုက်များ ဂျပန်သို့ ပြန်လာစေချင်သည်။ သူ၏ကြေညာချက်တွင် တရုတ်နိုင်ငံ၏ မူဝါဒမှ ရှောင်ရှားရန် ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ တရုတ်ကွန်မြူနစ်ပါတီ CCP ခေါင်းဆောင်များ ရုံးခန်းဖွင့်ထားသည့် Zhongnanhai ရှိ တရုတ်စီးပွားရေး အရင်းအမြစ်သည် တရုတ်နိုင်ငံမှ နိုင်ငံခြားကုမ္ပဏီများ ထွက်ခွာသွားခြင်းအပေါ် စိုးရိမ်ကြောင်းပြောကြားခဲ့သည်။ ၂၀၂ဝ ခုနှစ် အတွက် ဒေါ်လာ၂.၂ ဘီလီယံကျော်ဖြည့်စွက်ထားသည့် ငွေကြေးထောက်ပံ့ရေး အစီအစဉ်ကို ပြည်တွင်းကုမ္ပဏီများအား ဂျပန်သို့ ပြန်ခေါ်ခြင်း သို့မဟုတ် ထုတ်လုပ်မှု အခြေစိုက်ကို အရှေ့တောင်အာရှနိုင်ငံများသို့ ပြောင်းရွှေ့ရန် ရည်ရွယ်ထားသည်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံနှင့် တတိယ အကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတို့ တရုတ်နိုင်ငံမှ ပြောင်းရွှေ့သည့်ဆုံးဖြတ်ချက်သည် ဒုတိယအကြီးဆုံးစီးပွားရေး နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကို ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်စေသည်။ 

၆။ ကြွက်တွေဟာ အတွေးမြန်ကြတယ်၊ အကောင်းမြင်တတ်ကြတယ်၊ ပြီးတော့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတတ်ကြတယ်လို့ ဆိုတယ်။ တရုတ်ယဉ်ကျေးမှုမှာ ကြွက်ကို ကြွယ်ဝချမ်းသာမှုနဲ့ ပိုလျှံမှုကို ကိုယ်စားပြုလေ့ရှိပါတယ်။ အိမ်ထောင်သည်ဇနီးမောင်နှံတွေ သားသမီး ပွားစီးစေဖို့အတွက် ကြွက်ကလေးတွေကို ပွတ်ပြီး ဆုတောင်းတတ်ကြတယ်။ ကြွက်နှစ်မွေးတဲ့သူတွေဟာ အကောင်းမြင်တတ်ကြပြီး စွမ်းအားတွေနဲ့ ပြည့်နှစ်နေတတ်ကြပြီး အပေါင်းအသင်းတွေအပေါ် အနိုင်ရတတ်ကြတယ်လို့ဆိုတယ်။ နှစ် ၆၀ ပြည့်တိုင်း ကျရောက်တဲ့ ကြွက်နှစ်တွေမှာပြန်ကြည့်ရင် လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုအတွင်း တရုတ်နိုင်ငံဟာ ၁၈၄၀ မှာ ဘိန်းစစ်၊ ၁၉၀၀ မှာ Boxer Rebellion၊ ၁၉၆၀ မှာ အစာရေစာရှားပါးမှုကဲ့သို့သော ကမောက်ကမ အခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည်။

၂၀၂ဝတွင် တရုတ်နိုင်ငံအပေါ် ကျရောက်သည့် ကြွက်နှစ်ကို စောင့်ကြည့်ကြပါစို့။  ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly