ရွေးကောက်ပွဲအတွက် အိမ်ဖြူတော်က ဂုဏ်ပြုစကားပြော၊ ဒီမိုကရေစီလမ်းအတွက် လုပ်စရာအများကြီးရှိနေဟု သတိပေး

ရွေးကောက်ပွဲအတွက် အိမ်ဖြူတော်က ဂုဏ်ပြုစကားပြော၊ ဒီမိုကရေစီလမ်းအတွက် လုပ်စရာအများကြီးရှိနေဟု သတိပေး

အထွေထွေရွေးကောက်ပွဲသည် လေးနက်၍ အဓိပ္ပာယ်ပြည့်ဝသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများအတွက် အရေးကြီးဆုံးခြေလှမ်းဖြစ်သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျော့အန်းနက်စ်က ပြောခဲ့သည်။

မြန်မာနိုင်ငံရွေးကောက်ပွဲတွင် အမျိုးသမီးများ၊ ငယ်ရွယ်သူများနှင့် တိုင်းရင်းသားလူနည်းစုများကြား ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့ကြသည့်အတွက် အိမ်ဖြူတော်အတွက် အားတက်စရာဖြစ်ရကြောင်းလည်း ၎င်းက ပြောသည်။

သို့သော် သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် မြန်မာနည်း မြန်မာဟန် ဒီမိုကရေစီတွင် စနစ်စနက်များက အပြစ်အနာအဆာများလည်း ရှိနေကြောင်း မှတ်ချက်ပြုထားကာ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် တားဆီးထားသည့် ဥပဒေမျိုးကို ထောက်ပြထားသည်။

"အပြစ်အနာတစ်ချို့ရှိနေခြင်းကို သိမ်မွေ့စွာ အသွင်ကူးပြောင်းနိုင်ဖို့ လိုပါတယ်။ ဒီလို အကူးအပြောင်းကို ငြင်းပယ်မယ့်ဟန်လည်း ရှိမနေတာကို ကျွန်တော်တို့ မြင်ရပါတယ်။"ဟု အန်းနက်စ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly