တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်အောက်က အကျင့်ပျက်ခြစားမှုကြောင့် ဆုံးရှုံးမှုများခဲ့ရတဲ့ ပါကစ္စတန်

By မောင်မြသာ
13 August 2020
တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်အောက်က အကျင့်ပျက်ခြစားမှုကြောင့် ဆုံးရှုံးမှုများခဲ့ရတဲ့ ပါကစ္စတန်

ဩဂုတ် ၁၃
 
တရုတ်စီမံကိန်းများနှင့်ပတ်သက်၍ ပါကစ္စတန်မှာ အုတ်အော်သောင်းနင်းဖြစ်သွားခဲ့မှုရှိခဲ့သည်။ ယခုနှစ် အစောပိုင်းက ပါကစ္စတန် ဝန်ကြီးချုပ်အီမာရန်ခန်းသည် စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၆၂၅ သန်းအရံှုံးပေါ်နေသည်ကို စစ်ဆေးရန်အတွက် ထောက်လှမ်းရေးအဖွဲ့ ISI နှင့် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး အေဂျင်စီများအပါအဝင်အဖွဲ့ အစည်းရှစ်ခုမှ တာဝန်ရှိသူများပါ ၀ င်သောကော်မတီကိုးခုကို ဖွဲ့စည်းခဲ့သည်။
 
တရုတ် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားထုတ်လုပ်သူများက ရူပီးဘီလီယံ ၁၀၀ တန်ကြေးရှိသော အကျင့်ပျက်ခြစားမှုလုပ်ဆောင်ခဲ့သည်ကို စုံစမ်းစစ်ဆေးရေကော်မတီက တွေ့ရှိခဲ့ကြသည်။ ထိုအထဲမှာ အနည်းဆုံး သုံးပုံတစ်ပုံသောပမာဏမှာ တရုတ်စီမံကိန်းများနှင့်ပတ်သက်နေသည်ကို ခြေရာခံနိုင်ခဲ့ကြသည်။

စာမျက်နှာ ၂၇၈ မျက်နှာရှိ ပါကစ္စတန်ကော်မတီ Committee for Power Sector Audit, Circular Debt Reservation, and Future Roadmap' ရဲ့ အစီရင်ခံစာက ဖော်ပြထားသည်မှာ လွတ်လပ်သော စွမ်းအင်ထုတ်လုပ်သူများ (Independent Power Producers) များ၏ စက်တပ်ဆင်မှုပြုလုပ်ရာတွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းစံ Standard Operating Procedure များကို ချိုးဖောက်ခြင်း၊  လောင်စာဆီခိုးခြင်း (ဝါ) မလျော်မကန်ပြုမူသည်ဟု စွပ်စွဲထားပြီး၊ စွမ်းအင်ခွန်၊ စွမ်းအင်ဝယ်ယူရေးဆိုင်ရာ အာမခံထားသော အခြေအနေတစ်ချို့နှင့် ဒေါ်လာအမြတ်အစွန်းတို့ ပါဝင်နေကြောင်း ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးရေးကော်မတီကို ရပ်ပစ်ဖို့ တရုတ်က ပြောဆိုခဲ့မှုများလည်း ရှိခဲ့သေးသည်။

အစီရင်ခံစာက ထပ်မံဖော်ပြထားသည်မှာ အစိုးရချင်းလက်မှတ်ရေးထိုးထားသော တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန် (China-Pakistan Economic Corridor or CPEC) ၏ အောက်မှ သဘောတူစာချုပ်သည် တရုတ်ဘက်ကို အလွန်အမင်းမျက်နှာသာပေးထားသည်ဆိုခြင်းဖြစ်သည်။
 
CPEC အောက်မှ Huaneng Shandong Ruyi Energy (HSR) သို့မဟုတ် Sahiwal and Port Qasim Electric Power Company Ltd ( PQEPCL) ၏ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတည်ဆောက် စားရိတ်က အလွန်ဖောင်းပွခဲ့သည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းခြောက်ခုအနက် စီမံကိန်းတစ်ခုသည် အိန္ဒိယနိုင်ငံတွင်ရှိသော အလားတူစီမံကိန်းနဲ့နှိုင်းယှဉ်လျှင် ၂၃၄ ရာခိုင်နှုန်း ပိုကုန်ကျခဲ့သည်။ ထို့အပြင် စုံစမ်းစစ်ဆေးမှုက အဆိုပါ စီမံကိန်းများတည်ဆောက်ရာတွင် တရုတ်က ငွေကြေးထောက်ပံ့နေသယောင်နှင့် ဈေးပြိုင်လေလံ စနစ်လုပ်ဆောင်ခဲ့ခြင်းမရှိခဲ့သည်ကိုလည်း ဗူးပေါ်သလိုပေါ်လာခဲ့သည်။
 
တရုတ် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံနှစ်ခုတွင် ရူးပီးငွေ ၃၂.၄၆ ဘီလီယံ ပိုကုန်ကျခဲ့ခြင်းမှာ (၁) တည်ဆောက်ရေးကာလ အတိုးနှုန်းနှင့်ပတ်သက်ပြီး အဓိပ္ပါယ်ကောက်လွဲခြင်းနှင့် ဓာတ်အားပေးစက်ရုံများစောစောပြီးမြောက်မှုနှင့်ပတ်သက်ပြီး ထဲ့သွင်းစဉ်းစားခဲ့ခြင်းမရှိတာကြောင့်ဖြစ်သည်။

(၂)  ပါကစ္စတန် ကျွမ်းကျင်သူများပါဝင်သော ကော်မတီမှ စစ်ဆေးသောစီမံကိန်းနှစ်ခုတွင်ဒေါ်လာ သုံးဘီလီယံ ပိုပေးခဲ့သည်ကို တွေ့ရှိခဲ့ကြသည်။ ကော်မတီသည်ဓာတ်အားပေးစက်ရုံ ၆၀ အားရှစ်လကျော်လေ့လာခဲ့သည်။

အစီရင်ခံစာကထပ်မံဖော်ပြခဲ့သည်မှာ ပုဂ္ဂလိက လျှပ်စစ်ထုတ်လုပ်သူများ IPPs များသည် National Electrical Power Regulatory Authority အမျိုးသားလျှပ်စစ်ဓာတ်အား စည်းကြပ်ရေး အာဏာပိုင်အဖွဲ့မှ ကန့်သတ် သတ်မှတ်ထားသည့် ၁၅ ရာခိုင်နှုန်းအမြတ်ငွေထက်မကျော်ရဆိုသော ကန့်သတ်သတ်မှတ်ချက်ကိုကျော်လွန်ကာ နှစ်စဉ်အမြတ်ငွေ ၅၀မှ ၇၀ ရာခိုင်နှုန်းထိရရှိပြီးဖြစ်နေသည်။ အမြတ်ငွေအချိုးအစားမြင့်မားလှခြင်းနှင့် လျှပ်စစ်ကုန်ကျစရိတ်အပေါ် ကစားပြီး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံပိုင်ရှင်များသည် ၎င်းတို့ရင်းနှီးစိုက်ထုတ်ထားငွေများကို တစ်နှစ်၊ နှစ်နှစ်အတွင်းမှာပင် ပြန်လည်ထုတ်ယူသွားနိုင်ခဲ့ကြသည်။ ကန်ထရိုက်စာချုပ်ချုပ်ဆိုသည့်အချိန်တွင် IPP များသည်  ဓာတ်အားခပိုရဖို့အတွက် စာချုပ်ချုပ်ဆိုချိန်မှာ ကုန်ကျစားရိတ်ကို ပိုပြခဲ့သည်။ အမှန်တကယ်ကုန်ကျစားရိတ်ကို ရူပီး ၂ ဘီလီယံမှသည် ၁၅ ဘီလီယံထပ်ပိုကဲပြကာ ၁၉၉၄ ခုနှစ်မှစ၍ ရူပီး ၃၅၀ ဘီလီယံ ပိုက်သွားခဲ့သည်။

Sahiwal စက်ရုံကိစ္စဆိုလျှင် အတိုးနှုန်းဖြတ်သည့်ကာလကို ၂၇-၂၉ လသတ်မှတ်ထားခဲ့ရာက ၄၈ လသို့ပြောင်းလဲလိုက်သည့်အတွက် နှစ်ပေါင်း ၃၀ စီမံကိန်းကာလတစ်ခုလုံး နှစ်စဉ် ဒေါ်လာ ၂၇.၄ သန်းကျဖြင့် ငွေပြန်ပေါ်သွားခဲ့သည်။
 
IPPs များသည် လောင်စာဆီသုံးစွဲမှုတွင် မတရားသော အမြတ်အစွန်းများရသွားခဲ့သည်။

စိတ်ဝင်စားဖွယ်အချက်တစ်ခုမှာ IPP များသည် ရိုက်စားလုပ်ထားတာဖော်ထုတ်ခံရမှာကြောက်ကာ ပုံမှန်စာရင်းစစ်ပြုလုပ်ရမည်ဆိုသော သဘောတူညီချက်ကို တင်းခံခဲ့ကြသည်။ မလျော်မကန်ပြုမူ၏ ရလာဒ်ကတော့ ပါကစ္စတန်အစိုးရနှင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူများသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံများပိတ်သိမ်းထားလျှင်ဖြစ်စေ သို့မဟုတ် လျှပ်စစ်ဓာတ်အားသုံးစွဲမှုလျော့၍ ဓာတ်အားလျော့ထုတ်လျှင်ပင်ဖြစ်စေ နှစ်စဉ်ဘီလီယံနှင့်ချီသောရူပီးငွေများပေးဆောင်နေရဦးမှာပင်ဖြစ်သည်။

(၃) သဘောတူညီချက်တွင် ပါကစ္စတန်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ထုတ်လုပ်မှုပမာဏအတွက်ပေးခြင်းဆိုသောခေါင်းစဉ်အောက်တွင် ရူပီး ဘီလီယံ ၉၀၀ ပေးဆောင်ရန်နှင့် ၂၀၂၅ အရောက်တွင် ရူပီး ဘီလီယံ ၁၅၀၀ ပေးဆောင်ရန် ကော်မတီက ညွှန်ပြခဲ့သည်။ အမြတ်အစွန်းအာမခံချက်က လေးနှစ်ကျော် ငါးနှစ်ထက်ပိုစေရန်မရှိစေသော်လည်း အစိုးရက အာမခံခဲ့သည်မှာ ၂၅ နှစ်အထိအမြတ်ရစေမယ်ဟူ၍ဖြစ်သည်။ ထိုကဲ့သို့သော လျော့တိလျော့ရဲ သဘောတူညီချက်များက မနိုင်ဝန်ထမ်းစေခဲ့ခြင်းဖြစ်သလို လျှပ်စစ်ဓာတ်အားဖိုးပိုမြင့်တက်စေခဲ့သည်။ မှားယွင်းသော သဘောတူညီချက်များက လျှပ်စစ်ကဏ္ဍ အကြွေးသံသရာ ရူပီး ၁၈၀၀ ဘီလီယံကို ကျော်လွန်သွားစေခဲ့သည်။

ပါကစ္စတန်အစိုးရသည်လျှပ်စစ်ဓာတ်အားပေးစက်ရုံများအားလျှပ်စစ်ဓာတ်အားပေးစက်များအားဘီလီယံ ၉၀၀ နှင့်စာချုပ်ပါအရ ၂၀၂၅ ခုနှစ်တွင်ဘီလီယံ၁၃၅၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ကော်မတီကထောက်ပြခဲ့သည်။ အာမခံအမြတ်သည်လေးနှစ်မှ ငါးနှစ်အထိမဖြစ်သင့်သော်လည်းအစိုးရကအာမခံအမြတ်ကို ၂၅ နှစ်ပေးခဲ့သည်။  

မှားယွင်းသောသဘောတူညီချက်များက ပါကစ္စတန်၏ လျှပ်စစ်ကဏ္ဍအကြွေးသံသရာ ရူပီး ၁၈၀၀ ဘီလီယံကိုပင် ကျော်လွန်သွားစေတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly