ဒေသအချို့က ရွေးကောက်ပွဲ ရလာဒ်များကို ကော်မရှင်က နိုဝင်ဘာ ၉ရက်က တရားဝင် ကြေငြာခဲ့

ဒေသအချို့က ရွေးကောက်ပွဲ ရလာဒ်များကို ကော်မရှင်က နိုဝင်ဘာ ၉ရက်က တရားဝင် ကြေငြာခဲ့

နေပြည်တော်၊ နိုဝင်ဘာ ၉ ။ ။ UEC မှ တစ်နိုင်ငံလုံး ရွေးကောက်ပွဲကျင်းပမှုအပြီး နိုင်ငံရေးပါတီများမှ အနိုင်ရရှိသည့် ကိုယ်စားလှယ်လောင်းများ၏ ရလာဒ်အချို့ကို နိုဝင်ဘာလ ၉ရက် တနင်္လာနေ၌ တရားဝင်ကြေညာခဲ့သည်။                  

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရုံး၌ တစ်နိုင်ငံရှိ မဲဆန္ဒနယ်အသီးသီးမှ အနိုင်ရသည့် ပါတီအသီးသီး၏ ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ ရလာဒ်များကို ကြေညာပေးမည့် မီဒီယာစင်တာ ဖွင့်ပွဲအခမ်းအနားနှင့်အတူ ကော်မရှင်ဥက္ကဌကြီး ဦးတင်အေးက တရားဝင်ကြေညာပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ရက်က တည်ငြိမ်းအေးချမ်းစွာဖြင့် အောင်မြင်စွာ ကျင်းပ ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း ထို့အတွက် မဲဆန္ဒရှင်လုပ်သားပြည်သူများနှင့် နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ၌ ပါဝင်ဆောင်ရွက်ကြသည့် ဌာနများမှ အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ကြောင်း ဦးတင်အေးက ပြောသည်။

ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် ပြဿနာများ မဲပေးခြင်းဖြစ်စဉ်(၃)ခု ဝ.၀၀၇ ရာခိုင်နှုန်း၊ တရားမဝင် မဲဆွယ်စည်းရုံးဖြစ်စဉ် (၁၂) ခု ဝ.၀၂၉ ရာခိုင်နှုန်းနှင့် အခြားဖြစ်စဉ် (၁၅)ခု ဝ.၀၃၇ ရာခိုင်နှုန်းဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးတွင်ရှိသည့် မဲရုံအရေအတွက်ဖြင့် အချိုးချကြည့်လျှင် မရုံတစ်ထောင်၌ ဖြစ်စဉ်ပေါင်း တစ်ကြိမ်သာရှိခြင်းကြောင့် ယခုရွေးကောက်ပွဲက တည်ငြိမ်းအေးချမ်းသည့် ရွေးကောက်ပွဲဖြစ်သည်ခြင်းနှင့် တည်ငြိမ်အေး ချမ်းစွာကျင်းပနိုင်ခဲ့သည်ကို တွေ့ရမည်ဟုလည်း ၎င်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရလာဒ် တရားဝင်ထုတ်ပြန်ချက်အချို့ကို နိုဝင်ဘာလ (၉)ရက် တနင်္လာနေ့တွင် အစောဆုံး ကြေညာနိုင်မည်ဟု မျှော်လင့်ထားသော်လည်း ရလာဒ်အများစုကို ရွေးကောက်ပွဲကျင်းပအပြီး အနည်းဆုံး နှစ်ရက်မှ သုံးရက်အထိ ထုတ်ပြန်ကြေညာနိုင်ဦးမည် မဟုတ်ကြောင်းလည်း သိရသည်။

ထို့ပြင် ရွေကောက်ပွဲကြေညာချက်များ၏ အချိန်အကိုက်ဆောင်ရွက်မှုသည် မဲဆန္ဒနယ်မြေများရှိ ဆန္ဒမဲ ပေးသူများ၏ အရေအတွက်၊ မဲရုံများနှင့်မြို့နယ်ရုံးများ၏ အကွာအဝေးနှင့် သက်ဆိုင်ရာပုံစံစာရွက်များကို လွှဲပို့ ရန် အခြေခံအဆောက်အဦးများ စသည်များတွင် မူတည်ကြောင်းနှင့် မည်သည့်အချိန်၌ ရွေးကောက်ပွဲရလာဒ်များကို နောက်ဆုံးထား၍ ထုတ်ပြန်ရမည်ဟူသော ဥပဒေသတ်မှတ်ချက်မရှိကြောင်း ထုတ်ပြန်ခဲ့သည်။            

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly