realme က ၂ဝ၂ဝ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံတကာမိုဘိုင်းဈေးကွက်တွင် မှတ်တိုင်များစွာစိုက်ထူကာ တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ရပ်တည်ထား

realme က ၂ဝ၂ဝ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံတကာမိုဘိုင်းဈေးကွက်တွင် မှတ်တိုင်များစွာစိုက်ထူကာ တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် ရပ်တည်ထား

သြဂုတ် ၁၂ 

၂ဝ၂ဝ ခုနှစ်အတွင်း နိုင်ငံတကာမိုဘိုင်းဈေးကွက်တွင် realme အနေဖြင့် ပိုမိုအရှိန်အဟုန်မြှင့်နေရာယူလာနိုင်ခဲ့ပြီး ဆန်းသစ်သည့် စမတ်ဖုန်းထုတ်ကုန်သစ်များနှင့် AIoT ထုတ်ကုန်များကို မိတ်ဆက်ပေးထားပြီဖြစ်သည်။ realme အနေဖြင့် လူငယ်၊ လူရွယ်များအတွက် စမတ်ကျသည့်အနာဂတ်ကိုပုံဖော်ဖန်တီးပေးနိုင်စေရန်အတွက် hardware, software ပိုင်းတို့နှင့်အတူ အဆင့်မြှင့်တင်ပေါင်းစပ်ထားသောဝန်းကျင်မျိုးကို အလေးထားလုပ်ဆောင်ပေးလျက်ရှိသည်။ ၂ဝ၂ဝ ခုနှစ် ပထမနှစ်ဝက်အတွင်း သုံးစွဲသူပေါင်း နောက်ထပ် ၁၅သန်းကျော်အထိ တိုးပွားလာခဲ့ပြီး ဈေးကွက်သစ်ပေါင်း ၂၂ခုအထိ တိုးမြှင့်ချဲ့ထွင်ကာ ၎င်းတို့၏ကြီးမားထိရောက်  သောစွမ်းဆောင်မှုများနှင့် ခေတ်ဆန်သောထုတ်ကုန်ဒီဇိုင်းများနှင့်အတူ ကမ္ဘာတစ်ဝန်းလုံးကသုံးစွဲသူများ၏နှစ်သက်သဘောကျခြင်းကို ရယူထားနိုင်ပြီဖြစ်သည်။ 

realme အမှတ်တံဆိပ်အနေဖြင့် ၂ဝ၂ဝခုနှစ် ဒုတိယ ၃လပတ်အတွင်း ကိန်းဂဏန်း ၂လုံးအထိ တိုးတက်မှုရှိသည့်စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ် စာရင်းတင်သွင်းထားနိုင်သည့် တစ်ခုတည်းသော brand အမှတ်တံဆိပ်အဖြစ်လည်း ရပ်တည်နိုင်ခဲ့ကာ ၃လပတ် ၄ကြိမ်ဆက်တိုက်အထိ ကမ္ဘာတွင်တိုးတက်မှုအမြန်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ်အဖြစ်ပါ ရပ်တည်ထားနိုင်ဆဲဖြစ်သည်။ ကမ္ဘာ့ ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူများစာရင်းတွင် အဆင့်-၇နေရာရပ်တည်ထားပြီး နှစ်အလိုက်တိုး တက်မှုနှုန်း ၁၅၇ရာခိုင်နှုန်းနှင့် ကမ္ဘာတစ်ဝန်းသုံးစွဲသူပေါင်း သန်း ၄ဝကျော်အထိ  ရှိနေပြီဖြစ်သည်။ လက်ရှိတွင် နိုင်ငံတကာဈေးကွက် ၅၉ခုတွင်ဖြန့်ကျက်လုပ်ဆောင်နေပြီး နိုင်ငံ ၉ခုတွင် အဆင့်-၅နေရာအထိ ရပ်တည်ထားသည်။ 

realme အနေဖြင့် မိုဘိုင်းကွန်ယက်နည်းပညာလောကတွင် နောက်ဆုံးပေါ်နည်းပညာများ ထည့်သွင်းပေးထားသည့် 5G ကွန်ယက်စနစ်သုံး realme X50 Pro ဖြင့် 5G ခေတ်ကိုပါ ပုံဖော်မိတ်ဆက်ပေးထားပြီဖြစ်သည်။ 5G ဂေဟစနစ်တွင် တက်ကြွစွာပူးပေါင်းပါဝင်ကာ ခေတ်မီဆန်းသစ်သည့် 5G ဘဝပုံစံတစ်ခုဖန်တီးပေးနိုင်စေရန် 5G app များနှင့်ဆက်စပ်မှုများကိုပါ ဆက်လက်ရှာဖွေဆန်းသစ်ထောက်ပံ့ပေးသွားဦးမည်ဖြစ်သည်။ 

စမတ်ဖုန်းထုတ်ကုန်များနှင့် AIoT ထုတ်ကုန်များကိုပိုမိုလွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်စေရန် ဗဟာဗျူဟာကျသည့် ပေါင်းစပ်မှုအဖြစ် realme Link platform ကို ၂ဝ၂ဝ အစောပိုင်းကပင် ဖန်တီးမိတ်ဆက်ပေးထားခဲ့သလို လူငယ်များအတွက် စမတ်ကျ၊ ခေတ်မီဆန်းသစ်သည့် ဘဝနေထိုင်မှုပုံစံကို ဖန်တီးပေးသွားနိုင်စေရန်အတွက်ပါ ရည်ရွယ်ထားခြင်းဖြစ်သည်။ realme အနေဖြင့် TV, Headphone, Watch စသည့် ပင်မထုတ်ကုန်ကဏ္ဍ ၃မျိုးအထိ မိတ်ဆက်ပေးထားသလို တစ်ကိုယ်ရည်သုံး၊ မိသားစုသုံးနှင့် ခရီးသွားလာရေးသုံး ကဏ္ဍတို့တွင် ထုတ်ကုန် ၁ဝခုထက်မနည်းမိတ်ဆက်ပေးထားပြီလည်းဖြစ်သည်။ အိန္ဒိယဈေးကွက်တွင်လည်း Smart Personal Audio ကဏ္ဍတွင် အဆင့်-၃နေရာအထိ ရပ်တည်ရောင်းချထားသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဈေးကွက်ပေါင်း ၅ဝ ကျော်တွင် AIoT ထုတ်ကုန်များကို မိတ်ဆက်ရောင်းချပေးထားပြီးဖြစ်သည်။

သုံးစွဲသူအတွေ့အကြုံများပိုမိုကောင်းမွန်စေရန်ရည်ရွယ်ချက်ဖြင့် လူငယ်သုံးစွဲသူများအတွက် လုပ်ဆောင်မှုအသစ်များနှင့် အားကောင်းလှသည့် app စွမ်းဆောင်ရည်များပါဝင်သည့် Platform တစ်ခုထောက်ပံ့ပေးနိုင်စေရေးအတွက် နောက်ဆုံးပေါ် အသစ်စက်စက်နည်းပညာများကိုပါ အသက်သွင်းဖန်တီးရယူပေးလျက်ရှိရာ 125W UltraDart ကဲ့သို့ ထိပ်တန်းဦးဆောင်သည့်အားအမြန်သွင်းစနစ်များ၊ Snapdragon 865 Chipset သုံးပထမဆုံး အိန္ဒိယ စမတ်ဖုန်း၊ Helio G70/ G80 Gaming Processor သုံး စမတ်ဖုန်းများ၊ ကမ္ဘာ့ပထမဆုံး Quad-camera စနစ်နှင့် ကင်မရာ ၄လုံးအထက်ထည့်သွင်းပေးထားသည့်စမတ်ဖုန်းများ စသည်တို့ကို သုံးစွဲသူများထံသို့ပို့ဆောင်ပေးထားပြီဖြစ်သည်။ 

ခေတ်ရေစီးကြောင်းကို ဦးဆောင်ပုံဖော်ပေးနိုင်စေရန်အတွက်လည်း အဆန်းဆုံးစတိုင် နှင့် ဒီဇိုင်းများကို ယခုနည်းပညာနယ်ပယ်ထဲသို့ အဦးဆုံးအဖြစ် ဖန်တီးခေါ်ဆောင်ပေးထားသည်။ ထို့အပြင် ရဲရင့်ပြတ်သားစွာလုပ်ကိုင်ဖန်တီးနိုင်စေမည့် အစဉ်အလာနှင့် စိတ်ဓာတ်တို့ပေါင်းစပ်ပါဝင်နေသည့် ပိုမိုကြည်လင်တောက်ပသောစိတ်ကူးအတွေးအခေါ်နှင့် စိတ်နေစိတ်ထားတို့ယှဉ်တွဲလျက်ရှိသည့် Brand အမှတ်တံဆိပ်တစ်ခုကို အရဲဝံ့ဆုံးတည်ဆောက်သွားနိုင်စေရန်ဖြစ်သည်။ ခေတ်ရေစီးကြောင်း၏ ဦးဆောင်သူအဖြစ် realme Design Studio ၏အုပ်မြစ်ချဖန်တီးမှုကနေတစ်ဆင့် ကမ္ဘာထိပ်တန်းဒီဇိုင်းပညာရှင်များနှင့် လက်တွဲပူးပေါင်းကာ အဆန်းသစ်ဆုံးထုတ်ကုန်ဒီဇိုင်းများကိုပါ ရယူပေးထားခဲ့ပြီး နမူနာအနေဖြင့် ဂျပန်ဒီဇိုင်းပညာရှင် နာအိုတို ဖူကာဆာဝါဖန်တီးထားသော 2020 Red Dot Award Winner အဖြစ်ဆွတ်ခူးထားသည့် realme X2 Pro Master Edition နှင့် ပြင်သစ်လူမျိုး ကမ္ဘာ့ထိပ်တန်းဒီဇိုင်းနာဖြစ်သူ ဂျိုဆေးလေးဗီး ဖန်တီးထားသည့် realme Buds Q စသည့်ထုတ်ကုန်များကို ချပြမိတ်ဆက်ပေးထားပြီဖြစ်သည်။ 

အချုပ်ဆိုရလျှင် မြန်ဆန်သွက်လက်သည့်တိုးတက်မှုနှုန်းရယူနိုင် စေရန် ငယ်ရွယ်ပြီး  အမြဲလန်းဆန်းတက်ကြွနေသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ်အဖြစ် realme ၏ “Dare to Leap” ဆောင်ပုဒ်နှင့်အညီ စွန့်စားကျော်လွှာဖန်တီးသွားဦးမည်ဖြစ်သည်။ realme ၏ ဝန်ထမ်းများကိုလေ့လာကြည့်ပါက ပျမ်းမျှအသက် ၂၉နှစ်ရှိပြီး၊ တိုက်ကြီး ၅ တိုက်တွင် လူမျိုးပေါင်း ၅ဝကျော်တို့ဖြင့်ဖွဲ့စည်းပါဝင်ကာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့အစည်းပေါင်း ၅၁ ရာခိုင်နှုန်းကျော်တို့က လက်တွဲပူးပေါင်းလုပ်ကိုင်နေကြခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly