အမေရိကန်၌ TikTok နှင့် WeChat တို့ကို တားမြစ်သည့် အမိန့် ထရမ့် လက်မှတ်ထိုး 

အမေရိကန်၌ TikTok နှင့် WeChat တို့ကို တားမြစ်သည့် အမိန့် ထရမ့် လက်မှတ်ထိုး 

ဩဂုတ် ၇

TikTok နှင့် WeChat အက်ပရီကေးရှင်းများ သို့မဟုတ် ယင်း အက်ပရီကေးရှင်းများကို ပိုင်ဆိုင်သည့် တရုတ်ကုမ္ပဏီများနှင့် မည်သည့် စီးပွားရေးမှ မလုပ်ရန် အမေရိကန်နိုင်ငံသားများကို တားမြစ်သည့် အထူးအမိန့်နှစ်ရပ်အား သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးသည်။ 

အမေရိကန်ပြည်သူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ရယူခံရခြင်း အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုကြောင့် ယခု တားမြစ်မိန့်ကို လက်ရှိမှ ပထမ ၄၅ အတွင်း အကျုံးဝင်စေသည်။ 

ယခု အမိန့်အား လက်မှတ်ရေးထိုးခြင်းသည် ByteDanc Ltd ကုမ္ပဏီက ၎င်း၏ လူကြိုက်များသော ဗီဒီယိုတိုများတင်သည့် TikTok အက်ပရီကေးရှင်းကို အမေရိကန်ကုမ္ပဏီတစ်ခုသို့ ရောင်းချရန် ထရမ့်က ဖိအားပေးနေချိန်လည်း ဖြစ်သည်။ 

ထိုပြင် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အမေရိကန် စီးပွားရေးလုပ်ငန်းများအနေဖြင့် အဆိုပါ တရုတ် အက်ပရီကေးရှင်းနှစ်ခုနှင့် အခြား မယုံကြည်ရသည့် ဝန်ဆောင်မှုများကို ဖယ်ရှားရန် တိုက်တွန်းပြီး နောက်တစ်ရက်တွင်လည်း ဖြစ်သည်။ 

ယခု အမိန့် အသက်ဝင်ပြီးနောက် TikTok နှင့် WeChat သို့မဟုတ် ၎င်းတို့ကို ပိုင်ဆိုင်သည့် ကုမ္ပဏီများနှင့် အမေရိကန်နိုင်ငံသားများ သို့မဟုတ် ကုမ္ပဏီများက မည်သို့သော အရောင်းအဝယ် လုပ်သည်ဆိုပါက ပြစ်ဒဏ်ချမှတ်ခံရမည် ဖြစ်သည်။ 

“ကျွန်တော်တို့ နိုင်ငံကို ကာကွယ်ဖို့ မိုဘိုင်းအက်ပရီကေးရှင်းတစ်ခုဖြစ်တဲ့ TikTok ရဲ့ ခြိမ်းခြောက်မှုတွေကို ကျွန်တော် အရေးယူ ဆောင်ရွက်ရတာပဲ ဖြစ်တယ်။ နောက်ထပ် လိုအပ်တဲ့ လုပ်ဆောင်ချက်က အခြား မိုဘိုင်းအက်ပရီကေးရှင်းဖြစ်တဲ့ WeChat ရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း အရေးယူ ဆောင်ရွက်ရတာပဲ။”ဟု TikTok အပေါ် အမိန့်ထုတ်ပြီး မိနစ်ပိုင်းအတွင်း WeChat ကိုပါ အမိန့်ထုတ်သည့်အချိန်၌ ထရ၎င်း့်က ပြောသည်။ 

ကမ္ဘာ့နည်းပညာနယ်ပယ်တွင် တရုတ်၏ အင်အားကို အမေရိကန်က လျှော့ချရန် ကြိုးစားနေစဉ် TikTok နှင့် WeChat တို့ကို ယခုကဲ့သို့ တားမြစ်လိုက်ခြင်းက ထရမ့်အနေဖြင့် ၎င်း၏ တရုတ်နှင့် ထိပ်တိုက်တွေ့မှု၌ သိသာသည့် အရှိန်မြှင့်တင်လိုက်ခြင်းပဲ ဖြစ်သည်. 

ရက် ၉၀ ပင် မလိုတော့သည့် အမေရိကန်ရွေးကောက်ပွဲ အကြိုကာလ၌ ထရမ့်က ၎င်း၏ မဲဆွယ်စည်းရုံးမှု ပင်မဖြစ်သည့် တရုတ်အပေါ် စိန်ခေါ်မှုကို ထပ်တိုး လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။ 

TikTok နှင့် WeChat တို့မှ ကိုယ်စားလှယ်များက ထင်မြင်ချက်ပေးရန် တောင်းခံသည်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly