ကလေးများ၏ ဒေတာများကို ခိုးယူပြီး တရုတ်ထံ ပို့ပေးနေသည်ဆိုပြီး TikTok ကို အမေရိကန်တွင် တရားစွဲ 

ကလေးများ၏ ဒေတာများကို ခိုးယူပြီး တရုတ်ထံ ပို့ပေးနေသည်ဆိုပြီး TikTok ကို အမေရိကန်တွင် တရားစွဲ 

သြဂုတ် ၅ 

ဥပဒေအရ အရွယ်မရောက်သေးသူများ၏ ဒေတာအချက်အလက်များကို ခိုးယူပြီး တရုတ်ထံ ပို့ပေးနေသည်ဆိုပြီး TikTok ကို အမေရိကန်တွင် တရားစွဲဆိုထားကြောင်း သိရသည်။ 

မိသားစုများက TikTok ကို တရားစွဲဆိုထားခြင်းဖြစ်ပြီး ယင်းက ဖက်ဒရယ် တရားရုံးတွင် အဓိကကျသည့် ဥပဒေဆိုင်ရာ တရားစွဲဆိုမှုတစ်ခုအဖြစ် ရောက်ရှိခဲ့သည်။ 

ဗီဒီယိုဝေမျှမှု အက်ပလီကေးရှင်းသည် ၎င်းတို့၏ မျက်နှာ အသွင်အပြင်လက္ခဏာများ၊ တည်နေရာများ၊ နီးကပ်သည့် အဆက်အသွယ်များနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စုဆောင်းပြီး ယင်းဒေတာများကို တရုတ်ရှိ server များထံ တိတ်တဆိတ် ပို့ပေးနေသည်ဆိုပြီး ဥပဒေအရ အရွယ်မရောက်သေးသူ ဒါဇင်နှင့်ချီတို့က မိဘများကနေတဆင့် ထုတ်ဖော်စွပ်စွဲထားကြသည်ဟု သိရသည်။ 

အီလီနွိုက်ပြည်နယ်နှင့် TikTok ရုံးများ ရှိရာ ကယ်လီဖိုးနီးယားပြည်နယ်တို့တွင် ပြီးခဲ့သည့် နှစ်က TikTok user များကိုယ်စား သီးခြား စွဲဆိုသော ဖက်ဒရယ် တရားစွဲမှုပေါင်း ၂၀  အထိ ရှိခဲ့သည်။ 

အဆိုပါ တရားစွဲဆိုမှုများကို ယခုအခါ စုပေါင်း တရားစွဲဆိုမှုအဖြစ် ပေါင်းစည်းလိုက်ပြီ ဖြစ်သည်။ 

ယခုအခါ အဆိုပါ အမှုကို အီလီနွိုက်ပြည်နယ် မြောက်ပိုင်းရှိ အမေရိကန် ခရိုင်တရားရုံးတွင် အခြေပြုမည်ဖြစ်ကြောင်း ဖက်ဒရယ် တရားသူကြီးအဖွဲ့တစ်ဖွဲ့က သြဂုတ် ၄ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ 

ထို့ပြင် တရားသူကြီး ဂျွန် ဇက်လီကိုလည်း ဦးဆောင် တရားသူကြီးအဖြစ် ခန့်အပ်ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly