မြစ်ကြီးနား ပြည်သူ့လွှတ်တော်အတွက် ကြ့ံခိုင်ရေးက ကြိုတင်မဲ ၃၄၀၀ ရထား

မြစ်ကြီးနား ပြည်သူ့လွှတ်တော်အတွက် ကြ့ံခိုင်ရေးက ကြိုတင်မဲ ၃၄၀၀ ရထား

ချင်းမိုင်၊ နိုဝင်ဘာ ၉ ။         ။ ကချင်ပြည်နယ် မြစ်ကြီးနားတွင် နိုဝင်ဘာ ၉ရက်က ကြိုတင်မဲများ ဆက်လက်ရေတွက်နေရာ ယနေ့ နံနက် ၁၀နာရီခန့်အထိ NLD ပါတီက ၂၀၀မဲ၊  ကြံ့ခိုင်ရေးပါတီက ၃၄၀၀မဲဖြင့် အသာရထားသည်။

“ဖယ်ဖျက်တာ မဟုတ်ပါဘူး။ ကျနော်နဲ့ဒေါ်ဘောက်ဂျာရဲ့ ကိုယ်စာလှယ်ကပဲ ပြောကြဆိုကြတာပေါ့ကွာ။ အဲဒီမဲပုံးတွေ ဖွင့်တဲ့အချိန်မှာ မဲပုံးနံပါတ်နဲ့မှတ်ထားကြတာ။ နောက်ပိုင်း မဲပုံးတွေနဲ့ပြန်စစ်တော့ ကော်မရှင်ကို တောင်းဆိုတာ။ နံပါတ်တွေ တိုက်ကြည့်တော့ မဲပုံးရဲ့ နံပါတ်ကတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ဆီကလက်ခံမှာတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီနံပါတ်ကို ကော်မရှင် လက်ခံစာအုပ်မှာရှာရှိတော့ အဲဒီမဲပုံးနံပတ်က မရှိဘူး။ အဲဒီလို အပြန်အလှန်ပြောကြတာ”လို့ ဦအင်ထုံးခါးနော်ဆမ်က မဇ္ဈိမကို ပြောပါတယ်။

စစ်တပ်နှင့်ဝန်ထမ်းများ၊ နိုင်ငံခြားရောက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲပေါင်း ၁၅၆၀၀ ကျော်တွင် နိုင်ငံခြားရောက် ကချင်တိုင်းရင်းသားများ၏ ကြိုတင်မဲ ၃၀၇ဦးတွင် အများစုက ကြံ့ခိုင်ရေးပါတီ၏ မဲလက်မှတ်များ ဖြစ်နေသည်ကို တွေ့ရသည်။ ထိုထဲက ၁၀မဲကျော်က ပယ်မဲများဖြစ်နေသည်။

မြို့နယ်ကော်မရှင်ရုံးတွင် ရောက်ရှိနေသော ကြိုတင်မဲဖြင့်သာ ကြံ့ခိုင်ရေးက အသာရထားသော်လည်း တခြား ရပ်ကွက်အများအပြားတွင် NLD က အနိုင်ရရှိနေသည်ဟု ဦးအင်ထုန်းခါးနော်ဆမ်က ပြောသည်။

နိုဝင်ဘာ ၉ရက် နေ့လည်တွင် မြစ်ကြီးနားမြို့ ပြည်သူ့လွတ်တော်နေရာ ကြိုတင်မဲများကိုလည်း ရေတွက်ပြီး၍ လက်ရှိ အမျိုးသားလွတ်တော်မဲများ ရေတွက်နေပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly