အကြိုမဲရလဒ်များ ဒေါ်အောင်ဆန်းစုကြည်ပါတီ အပြတ်အသတ်နိုင်သော်လည်း တရားဝင်ရလဒ် ကြေညာရေး နှောင့်နှေးနေ

အကြိုမဲရလဒ်များ ဒေါ်အောင်ဆန်းစုကြည်ပါတီ အပြတ်အသတ်နိုင်သော်လည်း တရားဝင်ရလဒ် ကြေညာရေး နှောင့်နှေးနေ

ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ပေါင်း ၂၅ နှစ်တိုင် ထောက်ခံမှုဖြင့် သမိုင်းတွင် ရွေးကောက်ပွဲတွင် အကြိုရလဒ်များအရ အနိုင်ရနေပြီဖြစ်သော်လည်း ရွေးကောက်ပွဲကော်မရှင်က လုပ်ထုံးလုပ်နည်းအပြောင်းအလဲများကြောင့် တရားဝင်ရလဒ် ကြေညာရန် နှောင့်နှေးနိုင်ခြေရှိနေသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ပူးတွဲ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ဖြူးမြို့နယ်တွင် ပြည်သူလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ရှုံးနိမ့်ခဲ့သည်။ အနိုင်ရရှိသွားသည့် NLD မှ သူ၏ ပြိုင်ဘက် ဦးသန်းညွန့်အား ချီးကျုးစကားဆိုခဲ့သည်။

ကုလသဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေးဖြစ်ပြီး သမ္မတအကြံပေးဖြစ်သူ ဦးသန့်မြင့်ဦးက NLD ပါတီက အပြတ်သတ်အနိုင်ရလိမ့်မည်ဟု တွစ်တာတွင် ရေးသားသည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်၏ မမျှော်လင့်သည့် လုပ်ထုံးလုပ်နည်းအပြောင်းအလဲကြောင့် တရားဝင်ရလဒ် ကြေညာရေးက ရက်အနည်းငယ် နှောင့်နှေးကြန့်ကြာနိုင်သည်။

မြို့နယ်ရွေးကောက်ပွဲတာဝန်ရှိသူများက နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးချုပ်သို့ ရလဒ်များ တိုက်ရိုက်ပေးပို့ခြင်းနှင့် ပတ်သက်ပြီး NLD က တရားဝင်စာတင်ထားသည်။ ပြဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းအရ ရလဒ်များကို ခရိုင်ရုံးများနှင့် ပြည်နယ်ရုံးများသို့ ပေးပို့ရမည်ဖြစ်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က လတ်တလော မဲရလဒ်ကို နိုဝင်ဘာ ၉ ရက် နေ့လယ် ၃ နာရီ(ဂရင်းနစ်စံတော်ချိန် မနက် ၈ နာရီခွဲ) တိုင်အောင် ထုတ်ပြန်နိုင်ဦးမည်မဟုတ်ကြောင်း ပြောထားသည်။ သို့သော်  မဲရုံပေါင်း ၄၀၀၀၀ မှ တစ်ချို့မဲရုံများ၏ တရားဝင်မဟုတ်သည့် အကြိုကောက်ယူမှုရလဒ်များတွင် NLD က အနိုင်ရလျက် ဦးဆောင်နေသည်။ ရလဒ်ထွက်ပေါ်လျှင် အကြီးအကျယ် ၈၀ ရာခိုင်နှုန်း အနိုင်ရမည်ဟု NLD က ယုံကြည်ထားသည်။

သတင်းမီဒီယာများ ကောက်ယူသည့် မဲရလဒ်များတွင် မဲ ၉၀ ရာခိုင်နှုန်းမျှ NLD က အနိုင်ရနိုင်ကြောင်း ခန့်မှန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly