အမေရိကန်၏ Tik Tok ဝယ်ယူမည့်အစီအစဉ်လက်မခံဟု တရုတ်မီဒီယာများ၌ဖော်ပြ 

အမေရိကန်၏ Tik Tok ဝယ်ယူမည့်အစီအစဉ်လက်မခံဟု တရုတ်မီဒီယာများ၌ဖော်ပြ 

ဩဂုတ် ၄ 

တရုတ်နိုင်ငံက ၎င်းတို့နည်းပညာကုမ္ပဏီအား ခိုးယူမှုကိုလက်ခံမည်မဟုတ်ဘဲ အမေရိကန်၌ လည်ပတ်လုပ်ဆောင်နေသော Tik Tok ကိုဝယ်ယူရန် ByteDance ကုမ္ပဏီကို ဖိအားပေးနေမှုကို တုံ့ပြန်သွားမည်ဟု China Daily သတင်းစာက အင်္ဂါနေ့တွင်ဖော်ပြထားသည်။  

တရုတ်နည်းပညာကုမ္ပဏီများကို အမေရိကန်အနိုင်ကျင့်နေခြင်းသည် ‘အမေရိကန်သည်သာ ပထမ’ ဟူသော အမြင်လုံးဝမရှိခြင်း၏ အကျိုးဆက်ဖြစ်ပြီး တရုတ်အနေဖြင့် နည်းပညာနယ်ပယ်၌ အညံ့ခံခြင်း သို့မဟုတ် အသေအကြေတိုက်ပွဲဝင်ရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိကြောင်း တရုတ်ကျောထောက်နောက်ခံပြုသတင်းစာ၌ ဖော်ပြခဲ့သည်။  အမေရိကန်က Tik Tok ကို ဝယ်ယူမည်ဆိုပါက တရုတ်အနေဖြင့် တုံ့ပြန်ရန် နည်းလမ်းများစွာရှိသည်ဟု ဆိုသည်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမျိုးသားလုံခြုံရေးအကြောင်းပြချက်ဖြင့် Tik Tok အက်ပလီကေးရှင်းကို ပိတ်ပင်မည့်အစီအစဉ်အား လမ်းကြောင်းပြောင်းသည့်အနေဖြင့် အမေရိကန် ကုမ္ပဏီကြီးများအား Tik Tok ဝယ်ယူရေး သဘောတူညီချက်ရရန် ၄၅ ရက်အချိန်ပေးထားပြီးနောက် Microsoft ကုမ္ပဏီက Tik Tok ၏ ByteDance ကုမ္ပဏီနှင့် ဆွေးနွေးနေကြောင်း တနင်္လာ‌နေ့က ပြောသည်။ 

ByteDance နှင့် Huawei နည်းပညာကုမ္ပဏီများအပေါ် အမေရိကန်၏ပြုမူမှုများသည် တရုတ်နှင့် ၎င်းတို့၏ စီးပွားရေးကိုခွဲခြားရန် ကြိုးပမ်းအားထုတ်မှုကို ညွှန်ပြနေသည်ဟု တရုတ်ကျောထောက်နောက်ခံပြု The Global Times သတင်းစာတွင် ဖော်ပြထားသည်။ 

အမေရိကန်သည် နည်းပညာအရာအားဖြင့်သာလွန်ပြီး မဟာမိတ်များကိုလည်း ဩဇာလွှမ်းမိုးမှုရှိသောကြောင့် တရုတ်အနေဖြင့် အမေရိကန်ကုမ္ပဏီများကို လက်တုံ့ပြန်ပြီး တရုတ်ကုမ္ပဏီများကိုအကာအကွယ်ပေးရန် စွမ်းရည်အကန့်အသာရှိသည်ဟုလည်း ဖော်ပြထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly