TikTok ကို တရုတ်ပိုင်ရှင်ထံမှ ဝယ်ယူရန်ကိစ္စ ထရမ့်နှင့် ဆွေးနွေးနေဆဲဟု Microsoft ပြော

TikTok ကို တရုတ်ပိုင်ရှင်ထံမှ ဝယ်ယူရန်ကိစ္စ ထရမ့်နှင့် ဆွေးနွေးနေဆဲဟု Microsoft ပြော

သြဂုတ် ၃

တရုတ်ပိုင် ဗီဒီယိုဝေမျှမှု အက်ပလီကေးရှင်း TikTok ကို ဝယ်ယူမည့် ဖြစ်နိုင်ခြေရှိ ကိစ္စနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း အမေရိကန်နည်းပညာ ကုမ္ပဏီကြီး Microsoft က ပြောသည်။

ယင်းမတိုင်မီ ရက်ပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အမေရိကန်တွင် TikTok ၏ လည်ပတ်လုပ်ဆောင်ခြင်းအပေါ် ပိတ်ပင်သွားမည်ဟု ပြောကြားထားခဲ့သည်။

Microsoft အမှုဆောင်အရာရှိချုပ် Satya Nadella သည် တရုတ်ကုမ္ပဏီ ByteDance ပိုင် TikTok အက်ပလီကေးရှင်းကို ဝယ်ယူမည့်ကိစ္စနှင့်ပတ်သက်ပြီး သမ္မတ ထရမ့်နှင့် တွေ့ဆုံစကားပြောခဲ့ကြောင်း အမေရိကန်နည်းပညာကုမ္ပဏီက သြဂုတ်လ ၂ ရက်တွင် ယင်း၏ ဘလော့ဂ်ပို့စ်တွင် ပြောသည်။

အမေရိကန် မူဝါဒချမှတ်သူများသည် ပြီးခဲ့သည့်အပတ်များအတွင်း TikTok နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ထားခဲ့ကြပြီး တချိန်တည်းမှာပင် အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများကလည်း မြင့်တက်နေခဲ့သည်။  

TikTok သည် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုအန္တရာယ်တစ်ခု ဖြစ်နိုင်ကြောင်း အမေရိကန်မူဝါဒချမှတ်သူအများအပြားက ပြောဆိုကြသည်။

“TikTok ကို ဝယ်ယူဖို့ဆိုတာက ပြီးပြည့်စုံတဲ့ လုံခြုံရေးပိုင်းဆိုင်ရာ သုံးသပ်ချက်တစ်ရပ် ခံယူရမှာ ဖြစ်သလို အမေရိကန်နိုင်ငံအတွက်လည်း သင့်တင့်လျောက်ပတ်တဲ့ စီးပွားရေးအကျိုးတရားတွေ ရရှိရမှာဖြစ်တယ်ဆိုပြီး မိုက်ခရိုဆော့ဖ်ဘက်က ရည်မှန်းဆုံးဖြတ်ထားပါတယ်” ဟု Microsoft က ပြောသည်။

“ဒီလုပ်ငန်းစဉ်အတွင်းမှာတော့ မိုက်ခရိုဆော့ဖ်အနေနဲ့ သမ္မတအပါအဝင် အမေရိကန်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့ မျှော်လင့်ပါတယ်” ဟုလည်း ကုမ္ပဏီက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly